17

1.3K 130 10
                                    

Bangkokကနေ ChaingMaiကို သွားဖို့အတွက် လေယာဉ်ခရီးကိုသာGeminiရွေးချယ်လိုက်သည်။
တကယ်ဆို လေယာဉ်ထက်မြန်မဲ့ ယာဉ်တစ်ခုခုသာရှိရင် Gemini ငှားသွားမိလောက်မည်။
အမြန်ဆုံး ၁နာရီကျော်လေးသာစောင့်ရမည့် ခရီးစဉ်ကိုတောင် သူစိတ်မရှည်တော့ ။

ဖေဖေက ခရီးသွားဖို့အတွက် သူငယ်ချင်းတစ်ယောက်ပါ အဖော်ခေါ်သွားရမည်ဆိုသောကြောင့် Markကိုပါ ခေါ်လာဖြစ်သည်။

ချင်းမိုင်မှာ Fourthကိုရှာဖို့အတွက် Fourthအကြောင်းကို အသိလှမ်းပေးတဲ့ ဖေဖေ့ မိတ်ဆွေဆီအရင်သွားရမည်ဖြစ်သည်။

“မင်းစိတ်အေးအေးထားဦး .... Fourthနဲ့မကြာခင်တွေ့ရတော့မဲ့ဟာ

လေယာဥ်ထွက်မဲ့အချိန်ကိုစောင့်ရင်း လက်ပတ်နာရီ ခဏခဏငုံ့ကြည့်နေမိတဲ့ GeminiကိုMarkက ကြည့်မရဖြစ်သွားလားတော့မသိ။
Markကိုသာ Gemini တစ်ယောက်အရှက်ပြေရယ်ပြလိုက်မိတော့တယ်
ဖေဖေ့ဆီက ဖုန်းကိုနားထောင်ပြီးတာနဲ့ Geminiတစ်‌ေယာက် မှိုကောက်ရထားသလို စိတ်ရောလူရောရွှင်ပြနေတာဖြစ်သည်။

Geminiအတွက် Fourthကို ဆုံးရှုံးရလုနီးပါးထိဖြစ်ဖူးခဲ့သည် ။
လွမ်းဆွေးရတဲ့ဒဏ်ကိုလည်း သူမုန်းတီးသည်။
Fourthနဲ့ပတ်သက်တာလေးတွေမြင်တိုင်း တမ်းတရတဲ့စိတ်ကိုလည်း သူကြောက်နေမိသည်။

ChaingMaiကိုလေယာဉ်စိုက်ပြီဆိုတာနဲ့ နှစ်ယောက်လုံးက ခပ်မြန်မြန်ထွက်ကြပြီး Fourthရဲ့ လိပ်စာကိုရှာဖို့ ဦးတည်ရတော့သည်။

“အရင်ဆုံး မင်းအဖေရဲ့မိတ်ဆွေကိုရှာကြတာပေါ့ "

ပခုံးပေါ်လက်တင်ကာပြောလာတဲ့Markကို သူခေါင်းငြိမ့်ပြလိုက်သည်။

ChaingMai Universityကလည်း တအားကိုကျယ်၀န်းသည်မို့ သူတို့နှစ်ယောက်စလုံးဆရာတွေရုံးခန်းကိုရှာနေရသည်ကပဲ အချိန်တွေကြာနေသည်။

ကျောင်းသားများ ပျားပန်းခတ်သလိုသွားလာနေတဲ့ ကျောင်း၀န်းထဲမှာFourthနဲ့ တူတဲ့ ကောင်လေးကိုပင်မတွေ့။

နောက်ဆုံးမှာတော့ ဆရာများနားနေဆောင်ကိုရှာတွေ့တာကြောင့် အဖေ့ရဲ့မိတ်ဆွေကိုလည်း တွေ့ရှိသွားတော့သည်။

blind for love [Completed]Where stories live. Discover now