3

1.7K 169 3
                                    

"အောက်ထပ်မှာ ဘာတွေပြောနေကြတာလဲ fourth"

" ဦးလေးပမ်ရဲ့ တူမတစ်ယောက်ရောက်လာလို့လေ
အဲ့တာ အိမ်မှာအလုပ်လုပ်ရင်းနဲ့ ကျောင်းတတ်မလို့တဲ့
Gemနဲ့ အသက်တူတူလောက်ပဲ "

သွက်လက်တဲ့fourth လေးက
gem ရဲ့ မီးပူတိုက်ပြီးတဲ့အ၀တ်တွေကို ဗီရိုထဲ သေချာသိမ်းဆည်းရင်း ရေချိုးပြီးတဲ့ gemအတွက်လည်း အပြင်ထွက်ဖို့၀တ်စုံရွေးပေးလိုက်သည်။
gemရဲ့ ဝေယျာ၀စ္စ အကုန်လုပ်ပေးနေရတော့လည်း gemရဲ့ အင်္ကျီတွေ ကျော့ရှင်းသပ်ရပ်နေအောင် fourthလေးက မီးပူတိုက်ပေးရတတ်သည်။ အိမ်မှာ အဒေါ်nim လက်ထောက် အမျိုးသမီးနှစ်ယောက်တောင်ရှိပေမယ့် သူတို့က အချက်အပြုတ်နဲ့ ကျန်တဲ့အလုပ်တွေကိုပဲ ကူပေးသည်။

gemကလည်း အဒေါ်nimကလွဲရင် သူ့အခန်းထဲ၀င်ရမယ့်ကိစ္စတွေကို တခြားသူတွေ ခိုင်းတာမျိုးသိပ်မကြိုက်။ အဲ့တာကြောင့်အဒေါ်nimကလည်းfourthကိုပဲ တာ၀န်ပေးထားသည်

ရေချိုးပြီးကာစ gemက သူ့ရဲ့ ခပ်ဟော့ဟော့ ခန္ဓာကိုယ်ကို အပေါ်ပိုင်းဗလာဖြင့်
ခေါင်းမှ ရေတွေ နဲ့ ခန္ဓာကိုယ်အနှံ့ကို towelနဲ့ စင်အောင်သုတ်နေသည်။

ရေတွေပြောင်စင်သွားပြီဆိုမှ fourthယူပေးတဲ့ ၀တ်စုံကို လက်ကလျှိုသွင်းကာ ၀တ်လိုက်သည် ..ဒီနေ့က Gem တစ်ယောက် Uniကို စသွားရမည့်နေဖြစ်ပြီး fourthကတော့ ၂နှစ် ကွာဟနေတဲ့အတွက် high schoolကျောင်းသားလေးပဲ ဖြစ်နေသေး...

"fourth ကြယ်စိလာတပ်ပေး"

အောက်ထပ်ပြန်ဆင်းဖို့ကြံနေတဲ့ fourthကို ရုတ်တရက်လှမ်းခေါ်တော့ တံခါး၀က ရှဉ့်ပေါက်စက သူ့ကို ဘူကြည့်ကြည့်နေပြန်သည် ။
မျက်ခုံးထူထူနှစ်ဖက်ကိုလည်း အလိုမကျစွာတွန့်ချိုးထားဟန် ...

"လာလေ..."

"ကိုယ့်ဘာသာတပ်လဲရတာပဲကို "

"မအားဘူး ....မင်းလာခဲ့"

ကြယ်စိလဲ မတပ်ဘဲ နီးရာ ဖုန်းကိုဆွဲယူကာ ဖုန်းscreenကိုပဲသည်းကြီးမည်းကြီး ကြည့်နေပြန်တဲ့Gemini Norawit..

မတတ်နိုင်သည့်အဆုံး ခြေထောက်ကိုဆောင့်ကာရောက်လာသော
gemထက် ခေါင်းတစ်လုံးလောက်ပုသည့် ကောင်လေးက ပွစိပွစိလည်းပြောနေသေးကာ gem ရဲ့ အင်္ကျီကြယ်စိများအား တစ်လုံးချင်းလာတပ်ပေးနေသည်။

blind for love [Completed]Where stories live. Discover now