7

1.6K 147 7
                                    

အဒေါ်nimက ခြံထဲကအပင်တွေကိုရေလောင်းဖို့ခိုင်းတာကြောင့် fourthအပင်တွေကို ရေပန်းပိုက်အရှည်တစ်ခုနှင့်ရေလောင်းနေခဲ့သည်။
Gemမေမေက အပင်တွေအများကြီးစိုက်ရတာသဘောကျသည့်အတွက် ခြံ၀န်းက တောအုပ်ကြီးနဲ့တောင် ဆင်တူနေပြီဖြစ်သည်။

သူ့အတွေးတွေနဲ့လွင့်မြောနေတုန်းမှာ ရုတ်တရက်ခါးနောက်က သိုင်းဖက်ခံလိုက်ရတာကြောင့် လန့်ဖြန့်မိသွားတယ်

"Gem လန့်လိုက်တာ

အိပ်ယာနိုးကာစ Gemက သူ့ရဲ့ပခုံးပေါ်တောင်ခေါင်းကိုမှီထားလိုက်သေးသည်။

"အဲ့လိုမလုပ်နဲ့လေ အိမ်ကလူတွေ အကုန်မြင်ကုန်လိမ့်မယ်"

"မပူပါနဲ့ အိမ်ကအလုပ်သမားတွေ ဘုန်းကြီးဆွမ်းတော်လောင်းဖို့ ပြင်နေကြတယ်

တော်သေးသည်။
ရေလောင်းတဲ့နေရာက အိမ်နောက်ဖေးမို့လို့သာပေါ့

"မနက်က ဘာလို့ထွက်ပြေးတာလဲ
ကိုယ်နဲ့တူတူ အိပ်မနေဘဲနဲ့

"ကျွန်တော်က အလုပ်သမား
Gemက အိမ်ကြီးရှင်လေ
အဲ့လိုသာအိပ်နေရင် အဒေါ်nim ရိုက်လို့သေနေပြီ

Fourth သူ့ပခုံးပေါ်မှာ ခေါင်းမှီထားဆဲဖြစ်တဲ့ Gemဘက်ကိုလှည့်ပြီး ရန်လုပ်လိုက်တယ်

"ကိုယ့်ကို ခဏပဲစောင့်ပေးပါလား
မင်းကို ကိုယ်ရှိတဲ့အနားမှာပဲ တစ်သက်လုံးထားမယ်
အလုပ်တွေလဲမခိုင်းဘဲနဲ့

"အဲ့ဒါထက် အခုလောလောဆယ်တော့ ပခုံးပေါ်က ခဏလောက်ဖယ်ပေးပါလားGemini ခင်ဗျ

Fourth ကတော့ Gem ရဲ့ ခေါင်းကိုဇွဲမလျှော့ဘဲ ထပ်တွန်းနေခဲ့သည်။

ခေါင်းတစ်ခုသာရွေ့သွားပေမယ့် ခါးမှာဖက်ထားတဲ့လက်ကမဖယ်သေးတဲ့အပြင်
ပြစ်ဒဏ်ထက်ပိုတဲ့ အနမ်းတစ်ခုက fourthပါးပေါ်ထပ်မံကျရောက်သွားပြန်သည်

"""'ရွတ်"

"ဒီနေ့ ကိုယ်တို့ရည်းစားသက်တမ်းတစ်ရက်ရှိသွားပြီနော်fourth

Gemကသတိပေးသလိုပြောလိုက်မှfourthရဲ့ပါးလေးတွေကရဲတတ်လာပြီး ရှက်ရှက်နဲ့အပင်တွေကိုသာ ရေတွေပဲဆက်လောင်းနေသည်။
တစ်ချို့အပင်တွေရဲ့ အမြစ်မှာတော့ ရေတွေအတော်လေးအိုင်နေပြီဖြစ်သည်

blind for love [Completed]Where stories live. Discover now