5

1.7K 173 2
                                    

"မိMai  ညည်းအိမ်မှာပဲ နေတာကို
အလှတွေပြင်လှချည်လား "

"အို......ဦးလေးကလည်း Maiက မိန်းကလေးပဲ လှချင်တာပေါ့"

အလုပ်သမားတွေနေတဲ့ အိမ်ကနေ
အိမ်ကြီးပေါ်မတတ်ခင်
အနီးကြည့် အဝေးကြည့်နဲ့ Maiတစ်ယောက်မှန်ရှေ့ကမခွာတာကြောင့် ဦးလေးပမ် လှမ်းပြောလိုက်တယ်

"ညည်း ဒီမှာနေရင် ရိုးရိုးသားသားတော့နေရမယ် ကြားလား မိMai "

"ဦးလေးကလည်း Maiက ဘာဖြစ်နေလို့လဲ
အလှလေးတောင်မပြင်ရတော့ဘူးလား "

အမေ့ဘက်က မောင်ဖြစ်သူ ဦးလေးပမ်အား Mai ပြန်ရန်တွေ့လိုက်သည်

"ငါက နင့်ဦးလေးပါ ...မိMaiရယ်
ဒီမှာက Pattaya မှာ နင့်အ‌ေမနဲ့ နေတုန်းကနဲ့မတူဘူးနော်
အိမ်ကြီးရှင်တွေကို သွားပြီးရှုပ်ရှူပ်ယှက်ယှက်လုပ်လို့မရဘူး"

"Mai ဘာသာ ကြည့်လုပ်ပါ့မယ်
ဦးလေးနဲ့ ဘာမှမဖြစ်စေရဘူး Maiကတိပေးတယ်

ဦးလေးပမ်က စကားကိုရင်ထဲမှာ မျိုမသိပ်တတ်ဘဲ ဒဲ့ဒိုးလည်းပြောတတ်သည်
အဲ့တာကြောင့် Mai နဲ့ နည်းနည်းလေးမှ မတည့်

"ငါဆက်မပြောချင်တော့ပါဘူး ....
နင်Bangkokမှာ ကျောင်းတတ်ချင်တယ်ဆိုပြီး ပူဆာနေလို့သာ
အလုပ်ရှင်တွေဆီ ခွင့်တောင်းထားတာ  ငါ့မျက်နှာ ပျက်စရာတော့မလုပ်နဲ့

"Mai သိပါတယ် ....ဦးလေးပြောချင်တာ ဒါပဲမလား ...Mai အိမ်ပေါ်ကို...သွားတော့မယ်

ဦးလေးပမ်က သိပ်ကို သစ္စာရှိတဲ့ လူယုံတော်လေ...
ဟွန့် လစာကျတော့ ပုံမှန်ပဲရတာကိုများ ..

.....................................................

ဒီနေ့က ကျောင်းပိတ်တဲ့နေ့မို့  fourthကို ဖုန်းဆိုင်တစ်ဆိုင်ကို ခေါ်လာခဲ့တယ်

လူငယ်တွေ ဖုန်းကိုယ်စီကိုင်နေကြတဲ့ခေတ်မှာ ...ဖုန်းမကိုင်ချင်ဘူးဆိုတဲ့ fourth nattawatကြောင့် မအံ့ဩဘဲမနေနိုင်

ကျောင်းမှာ သူငယ်ချင်းအပေါင်းအသင်းလည်းသိပ်မများတော့trendဖြစ်နေတဲ့အကြောင်းအရာတွေကိုလည်းသူသိပ်သိလေ့မရှိ
gemက တစ်ခုခုစနောက်ချင်ရင်တောင် သူမသိတာကြောင့် အမြဲလက်လျှော့ခဲ့ရသည်

blind for love [Completed]Where stories live. Discover now