11

1.3K 133 4
                                    

"ကျွတ်.... ကျွတ်....

မနက်ခင်းမှာတော့Fourthအသက်ကြီးနေတဲ့လူကြီးတွေလို မြည်တွန်တောက်တီးကာအိပ်‌ယာပေါ်ထိုင်လိုက်သည်။အိပ်ရေးမ၀တာ ကြောင့် ခေါင်းကိုက်နေတာက တစ်ကြောင်း ၊ခန္ဓာကိုယ်တစ်ခုလုံးကလည်းမလှုပ်ချင်မကိုင်ချင်ဖြင့် နုံးချိနေသည်

"Gemခေါင်းမူးတယ် ...ဟင့်

အတော်လေးနာကျင်နေတာမို့ Gemကိုနှိုးလိုက်ရသည်။
မျက်လုံးတွေပွတ်ကာ Gemကလည်း သူ့ရှေ့မှာ ထိုင်လာပြီး သက်သာလိုသက်သာငြား Fourthရဲ့ခေါင်းလေးကို ကိုင်ပေးနေသည်။

"အရမ်းမူးနေတာလား ... ကိုယ် အကိုက်ခဲပျောက်ဆေးဆေးသွားယူပေးမယ်..

သူ့ရှေ့မှကောင်လေးက မျက်ရည်တွေတောင် ကျလာသည်မို့Gem ရင်တွေပူကာ ပြာယာခတ်သွားသည်။

"ခဏလေး ...ကိုယ်ဆေးသွားယူပေးမယ်

Geminiတစ်ယောက် Fourthရဲ့ အခန်းထဲက အပြင်သို့ထွက်ကာဆေးယူတော့ မီးဖိုချောင်ထဲက အလုပ်သမားတွေက သူ့ကိုအထူးအဆန်းနဲ့ ကြည့်နေကြသေးသည်။

"အဒေါ်nim ...အကိုက်ခဲပျောက်ဆေး ဘယ်မှာလဲ ... Fourthခေါင်းကိုက်နေတာ ငိုနေလို့

"Mai ဆေး သွားယူပေးလိုက်ပါဦး ....

Fourthကရော မုန့်တွေဘာတွေစားပြီးမှ မသောက်ဘူးလားGem Gem

"သူစားမယ်မထင်ဘူး အဒေါ်
ဆေးပဲတိုက်မလို့

"အဲ့တာဆို ဆေးသောက်ပြီးရင် ခဏအိပ်ခိုင်းထားလိုက် သက်သာသ‌ွားအောင်

"ဟုတ် ...အဒေါ်

Maiက ဆေးနဲ့ ရေယူကာ အခန်းထဲလိုက်ခဲ့တာကြောင့် အိပ်ယာပေါ်က Fourthကို Mai လက်ထဲမှဆေးယူတိုက်လိုက်သည်။

“ဆေးသောက်ပြီးရင် ခဏလောက် အိပ်လိုက်ဉီး ....

“ဒါပေမဲ့ ၇နာရီထိုးနေပြီလေ "

“ ခဏလောက်အိပ်လိုက်မှ သက်သာမှာပေါ့ Fourthရဲ့
အဒေါ်nimလည်း မဆူပါဘူး

“ဟုတ်တယ် Fourth အဆင်မပြေရင် အိပ်လိုက်ပါ
အစ်မ အဒေါ်nimကို ပြောလိုက်မယ်

Gemက Mai ရှေ့မှာ Fourth ဆံပင်တွေကို သပ်လိုက်ပြီး အိပ်ယာပေါ်ပြန်လှဲခိုင်းစေလိုက်သည်။

blind for love [Completed]Where stories live. Discover now