14

1.2K 144 10
                                    

“Mai သူဌေး ချွေးမ လုပ်ရင်ကောင်းမလား ဦးလေးပမ်”

ညနေထမင်းဝိုင်းမှာ မိMaiဟာ ပြုံးရွှင်နေပြီး စနောက်သလိုမေးလာတာကြောင့် ဦးလေးပမ်တိတ်ဆိတ်သွားတယ် ။

မိMaiက အမြဲ ပြတ်ချော်ချော်စကားတွေပြောနေတော့တာ

“ဘာတွေပြောနေတာလဲ စားစရာရှိတာသာ စားစမ်းပါ”

“Mai သာTiticharoenrak မိသားစုရဲ့ ချွေးမဖြစ်ရင်ဦးလေးပမ်လည်း ကားဒရိုင်ဘာဘ၀က လွတ်ကင်းသွားမှာနော်"

“ အိမ်သားတွေ စိတ်ဆင်းရဲနေတဲ့ကိစ္စမှာ နင်မို့လို့ ပျော်နိုင်တယ် Mai ,ရယ်
Geminiသာ U.Sက ပြန်လာရင် အခြေအနေတွေက ပိုဆိုးလာတော့မှာ
Fourthကလည်း UKကို မသွားချင်ဘဲ သွားလိုက်ရတာ  "

“ဒါတော့ Fourthက သမာရိုးကျမဟုတ်တဲ့ကိစ္စတစ်ခုကို သူကိုယ်တိုင်ဖန်တီးခဲ့တာကိုး”

“အချစ်မှာ မျက်စိမရှိဘူးလို့ လူကြီးတွေ ပြောဖူးကြတာပါပဲ
Geminiက Fourthအပေါ် ဘယ်လောက်ထိ မေတ္တာရှိလဲဆိုတာ တလောကလုံးလည်း အသိ
မမလေးက ရုတ်တရက်ဆိုတော့ ရှော့ခ်ရသွားတာဖြစ်နိုင်ပေမယ့် ကလေးတွေကို မခွဲသင့်ဘူးလို့ထင်တာပဲ

“ဦးလေးကလည်းနော် မသိရင်Fourthက ဦးလေးသားကျနေတာပဲ ကာပြောပေးနေလိုက်တာ
ပြီးတော့ ဦးလေးရဲ့ ဆန္ဒတွေကို သွားမပြောနေနဲ့ဦး အလုပ်ထုတ်ခံရဦးမယ် "

“နင့်အတွက်သာ စိတ်ပူစမ်းပါ
ရှုပ်ရှုပ်ယှက်ယှက်တွေသိပ်မလုပ်နဲ့
ကြားလား Mai"

ဦးလေးပမ်အပြောကို Maiမျက်စောင်းတစ်ချက်ထိူးလိုက်ပြီး ထမင်းကိုသာ ဆက်စားနေတော့သည်။

............

အဘိုးအဘွားတွေနဲ့ ၄/၅ရက်လောက်နေဖြစ်မဲ့ခရီးဟာ တခါတလေမြေးလာလည်တုန်း မပြန်ဖို့ တားတာကြောင့် ၁၀ရက်နီးပါးထိ ကြာမြင့်သွားသည်။

ဒီကြားထဲ Fourthနဲ့ ဖုန်းပြောခွင့်မရတာကြောင့် သူမနေနိုင်မထိုင်နိုင်ဖြစ်ရသေးသည်။
အိမ်ကိုဖုန်းဆက်ပြီး မေးတော့လည်း မေမေကသူ့ကိုပုံမှန်လိုမျိုးပဲ ပြန်ပြောသည်။

သူငယ်ချင်းတွေကလည်း Fourth‌အကြောင်း တစ်ယောက်မှမသိကြ။

ဒီနေ့မှာတော့ U.Sကနေ အမြန်ပြန်လာခဲ့တော့သည်။
ဖုန်း မဆက်တဲ့ကလေးကိုလည်း တွေ့မှဆူပစ်ဦးမည်

blind for love [Completed]Where stories live. Discover now