အပိုင်း 2

2K 52 7
                                    

Unicode

"အတ္တရဲ့စေရာ"

💐အပိုင်း(၂)💐

ဖုန်းထဲကနေသိရတာနဲ့ လက်တွေ့ကအဘွားပုံစံကတခြားစီဖြစ်နေသည်
အရင်တခါလို ပြဿနာရှာတဲ့ပုံမပေါ်တော့ပေ။
ကုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။

"ဒေါ်ချို....ဘွားအိပ်သွားတာကြာပီလား"

"ကြာပီအကိုလေး.....မမကြီး နဲ့ ကောင်မလေးက ကတိပေးလိုက်လို့လေ"

သူတို့အကိုလေး၏ချစ်သူအိမ့်သခင်ကိုကောင်မလေးဟု တအိမ်လုံးကခေါ်ကြသည်

"မေမေရော....ဘယ်သွားတာလဲ"

"မမကြီးက ဆေးရုံသွားပါတယ် ပြန်လာတော့မာပါ"

"ဟုတ်ပီ ကျနော့်ကိုသံပုရာရည်တခွက်ဖျော်ပေးပါ"

"ဟုတ်ကဲ့"

ဒေါ်ချိုထွက်သွားပီးနောက် အခန်းတံခါးပိတ်ပီး အဘွားကုတင်အနားသွားထိုင်လိုက်သည်။
၅နှစ်ခလေးလေးကို တမ်းတမ်းတတဖြစ်နေတဲ့ အဘွား။
သွေးကင်ဆာ နောက်ဆုံးအဆင့်မို့ သူမကိုတအိမ်လုံးက အကြိုက်ဆောင်ပေးနေရသည်။
၃လပဲအသက်ဆက်ရှင်နိုင်တော့သည်ဖြစ်၍ သူမဆန္ဒလေးကိုပြည့်ဝအောင် သူကိုယ်တိုင်ကစ ကြိုးစားပေးနေရသည်။
သတင်းစာထဲတောင်ထည့်ပီး ရှာပေးနေသော်လည်း ခုထိဘာသတင်းမှ မကြားရ။

ခက်သည်က ထိုမိန်းခလေးက ဘယ်မာလဲ?

"ဂျလောက်!"

"မမကြီးပြန်ရောက်ပါပီအကိုလေး"

သံပရာရည်ခွက်ကိုင်ရင်း ဒေါ်ချိုက အခန်းထဲဝင်လာပီးမှသူ့အားပြောသည်

"ကျနော်လာခဲ့မယ်"

မေမေရဲ့ အရေးကြီးသောအကြောင်းအရာကို
နားထောင်ဖို့ရန် အအေးသောက်ပီးသည်နှင့်
အဘွားကိုစောင်ခြုံပေးခဲ့ပီးအောက်ဆင်းလာခဲ့သည်။

"သား မင်းဝမ်းသာလိုက်တော့"

"ဘာဖြစ်လို့လဲ"

"မင်းအဘွားရဲ့မြေးလေးကိုရှာတွေ့ပီ"

"ဘယ်လို!!"

"ဟုတ်တယ် မေမေတို့ခု ဆေးရုံကပြန်လာတာ မင်းအဘွားသိပ်တွေ့ချင်နေတဲ့မိန်းခလေးက ဆေးရုံမှာ သူနာပြုလုပ်နေတာ"

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]OCNơi câu chuyện tồn tại. Hãy khám phá bây giờ