အပိုင်း 8

1K 40 4
                                    

Unicode

"အတ္တရဲ့စေရာ"

💐အပိုင်း(၈)💐

"နောက်နှစ်ရက်လောက်နေရင်သမီးပြန်လာမှာပါ....ဘွားစိတ်မပူနဲ့နော်"

"နှစ်ရက်ဆိုလည်း ဘွားစောင့်ရမာပေါ့ကွယ်...မြေးရဲ့ပညာရေးကအရေးကြီးပါတယ်"

"ဘွားကလည်းမြေးအတွက်အရေးကြီးပါတယ်နော်..အဝေးကြီးမှာ ဘွားကိုနေ့တိုင်းသတိရနေတာ...သမီးဟိုရက်တွေက ဖုန်းဆက်တော့ ဘွားအိပ်နေတယ်ပဲအန်တီကပြောလို့ မခေါ်ခိုင်းတာပါ....ဘွားအနားမှာမရှိပေမဲ့လည်း ညတိုင်းဘွားကိုရည်မှန်းပီးကန်တော့တယ် သမီးကို ဆုပေးနော်"

"ငါ့မြေးလေး လိုအင်တွေမတောင့်တပဲပြည့်ဝပါစေ..ကိုယ်ကျန်းမာသလိုစိတ်လည်းချမ်းသာပါစေ....ရှေ့ဆက်မယ့်ဘဝတက်လမ်းမှာလည်း ခလုတ်မထိဆူးမငြိပဲအဆင်ပြေချောမွေ့ပါစေကွယ်"

"ပေးတဲ့ဆုနဲ့ပြည့်ရပါစေဘွား....သမီးမရှိတုန်း ဆေးမှန်မှန်သောက်ရဲ့လားဟင်...အန်တီချိုကရော ခြံထဲလိုက်ပို့လား..ပူတူးနဲ့အန်တီကရော ဘွားအိပ်တဲ့အထိ စောင့်ပေးရဲ့လား"

"မြေးရဲ့တာဝန်တွေအကုန် သူတို့ကျေပါတယ်ကွယ်....စိတ်မပူနဲ့ စာသာမြန်မြန်ကြိုးစားပီး ဘွားဆီပြန်ခဲ့...ဘွားမျှော်နေမယ်နော်"

"ဟုတ်ဘွား ဘွားကိုချစ်တယ်...အရမ်းချစ်တယ် မွ"

"ဘွားလည်းချစ်ပါတယ်မြေးလေးရယ်....ဖုန်းချတော့လေ...စာကျက်ချိန်နောက်ကျနေဦးမယ်"

"ဟုတ် တာ့တာဘွား"

ဖုန်းချလိုက်ပေမဲ့ အလင်းရင်ထဲ မကောင်းပါ
ဘွားအသံက နည်းနည်းတိမ်ဝင်နေသလိုရှိသည်
ချက်ခြင်းသွားကြည့်ပြန်ရင်လည်း ရန်ကုန်မှာရှိပါရက်နဲ့ သူ့ကိုရှောင်ပုန်းနေပါတယ်ထင်မှာကို မလိုလား။
မသွားလက်စနဲ့ မသွားသေးတာပဲကောင်းပါတယ်လေ။

"အဘွား နေကောင်းလားအလင်း"

ဖုန်းခုံဘေးမှာ ထိုင်ငေးနေသည့် အလင်းနားသို့ မေမေရောက်လာပီးမေးခြင်းပင်။

"ကောင်းတယ်တဲ့ အမေ...နောက်နှစ်ရက်နေရင် လာမယ်လို့ပြောထားတာ မနက်ဖြန်ပဲသမီးသွားတွေ့လိုက်တော့မယ်"

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]OCWhere stories live. Discover now