Unicode
ညနေအိမ်ပြန်ခါနီးမှာ Ambulance ထိုးဆိုက်လာ၍ အလင်းတို့သူနာပြုတွေအလုပ်ရှုပ်သွားခဲ့ရသည်။ကားမှောက်တာကြောင့် လူ၃ယောက်ဒဏ်ရာရပီး အသက်၄၀ကျော်ဦးလေးကြီးတစ်ယောက်က ဦးနှောက်သွေးယိုတယ်ယူဆရသဖြင့် ဦးခေါင်းက သွေးထွက်လွန်နေ၏။အရေးပေါ်သွေးသွင်းရန်လိုအပ်သောကြောင့် အလင်းနဲ့ မသိမ့်က လှူလိုက်ရသေးသည်။၇နာရီလောက်မှ အလုပ်ပီးကြသဖြင့် အိမ်ပြန်ရန်သာရှိတော့သည်။
"အလင်း"
"ဗျာ"
ဆွဲခြင်းကိုင်ပီး ကားပါကင်သို့သွားနေသော အလင်းနောက်သို့ ကိုဆက်က လိုက်လာသည်။
"နေသာရဲ့လား....သွေးလှူလိုက်ရတော့ ခေါင်းတွေမူးနေမယ်"
"အမလေး....အလင်း ၆လတစ်ကြိမ်လှူနေကြပါ...နေသာပါတယ် ဒီမာကြည့်...ဒေါင်ဒေါင်မြည်ပဲဟာ"
သူမက ညာဖက်လက်မောင်းတစ်ဖက်ကို ဟန်ပါပါလေးမြောက်ပြလိုက်သည်။
"အရမ်းနေကောင်းနေတယ်ပေါ့"
"ဒါပေါ့...ဒါပေါ့"
"အာ့ဆို ဖက်တယ်ကွာ"
"ဟာ ဘာဆိုင်လို့လဲ"
"နေမကောင်းရင် ပွေ့ချီပီး အိမ်အရောက်ပို့ပေးမလို့ပဲ....နေကောင်းတယ်ဆိုတော့ နည်းနည်းလောက် အသားယူမလို့"
"လွှတ်ပါ တစ်ယောက်ယောက်များတွေ့ရင် ရှက်စရာကြီး"
"ဘာရှက်စရာရှိတုန်း....မင်းနဲ့ကိုယ် လက်ထပ်တော့မာကို ဆေးရုံတစ်ခုလုံးသိနေတာပဲ...မလွှတ်ပါဘူး"
ကိုဆက်လက်တွေကြားမှာ မရုန်းတော့ပဲ ငြိမ်နေလိုက်သည်။ကိုဆက်က အလင်းရဲ့ မျက်နှာလှလှလေးကို ငေးနေရင်း နားရွက်ကို ဖုံးနေသည့် ဆံနွယ်တွေကို ဖယ်ကာ လေတစ်ချက်မှုတ်လိုက်၏။
"ဟူး"
"အ့ ယားတယ်"
"ကိုယ်က ကိုက်ပစ်ချင်တာ မလုပ်ရက်လို့"
"ပြန်လုပ်မာပေါ့ အောင်မာ"
"ဟားဟား"
"ရွှတ်"
သူမပါးပြင်ကို ဖိနမ်းလိုက်ပြန်သည်။
"ရှင် များပီနော်...သူများနေမကောင်းပါဘူးဆို"
ESTÁS LEYENDO
အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]OC
FantasíaUnicode & Zawgyi Available. Unicode မင်းကို လက်ထပ်ချင်တာက ဘွားရဲ့အမွေတွေပိုင်ဆိုင်ရဖို့မဟုတ်ဘူး...ချစ်လို့...မထင်မှတ်ပဲ မင်းကို ချစ်မိသွားခဲ့လို့.. Zawgyi မင်းကို လက်ထပ်ချင်တာက ဘွားရဲ့အမွေတွေပိုင်ဆိုင်ရဖို့မဟုတ်ဘူး...ချစ်လို့...မထင်မှတ်ပဲ မင်းကို ခ...