အပိုင်း 27

631 24 6
                                    

Unicode

"ညနေလည်း ကိုယ်လာကြိုမယ်နော်"

"မကြိုပါနဲ့...တက္ကဆီနဲ့ပြန်ခဲ့မာပါ"

"ဝေယံတို့ကို ကျောင်းကြိုရဦးမှာမလား....အတူတူသွားမယ် ကိုယ့်ကိုစောင်နေနော်"

"အင်း...ဟုတ်..."

"ကိုယ်သွားပြီနော်"

အလင်းထိုင်နေသော Lover Seat ၏တံခါးအား ဦးဌာန်လာဖွင့်ပေးတာမို့ အားနာနာနှင့် ခေါင်းညိတ်လိုက်သည်။
ဦးဌာန်ထွက်သွားသည်အားငေးကြည့်နေစဉ် သူမ၏နောက်ကျောဘက်မှ Bossရဲ့အသံပေါ်လာလေသည်။

"အလင်း....နားဦးလို့ပြောထားတယ်မလား...ဘာလို့အလုပ်တက်တာလဲ"

"ကျမဘာဒဏ်ရာမှမရပါဘူး Bossရယ်....လန့်သွားယုံပါပဲ.."

"ဘယ်လိုဖြစ်ဖြစ်...မင်းရဲ့စိတ် လုံးဝတည်ငြိမ်မှ လာခဲ့လို့ရပါတယ်..ကိုယ်လစာမဖြတ်ပါဘူး"

"အဲ့လိုမလုပ်နဲ့လေ...ကျမလည်းဝန်ထမ်းပဲ..ပျက်ရက်အတွက် လစာဖြတ်ပါ...ရပါတယ်"

"ကိုယ်ကတော့ ကိုယ့်စကားနားမထောင်ပဲအလုပ်တက်လို့ကိုလစာဖြတ်ချင်တာ"

"ဟင်"

သူမအားလျော့သွားပုံလေးကြည့်ကာ Boss က ပြုံးလေသည်။

"နောက်ပြီး ကိုယ့်ကားက ချောက်ထဲကျမလိုဖြစ်ခဲ့လို့ပြန်ဆွဲတင်ရသေးတယ်မလား....အဲ့တော့ပွန်းပဲ့တာတွေအတွက်ပါလျော်ရမယ်"

"ကားကဘာမှမှမဖြစ်တာ တကယ်လျော်ရမာလား"

"လျော်ရမှာပေါ့....မင်းကားပေါ်အတူပါတဲ့လူတွေကိုလဲ လစာထဲက ငါးသောင်းစီဖြတ်မှာ"

"အဲ့လိုမလုပ်ပါနဲ့....သူတို့လည်း ဘယ်ဖြစ်ချင်မာလဲ....ဒီလိုလုပ်ပါလား...အလင်းကိုဒီလအတွက်မပေးနဲ့တော့...သူတို့ကိုသာ လစာမဖြတ်ပါနဲ့"

"သူများအတွက်ကျတွေးပြီးမင်းအတွက်မင်းမတွေးဘူးလား"

အလင်းသက်ပြင်းမောကြီးတစ်ခုကိုချလိုက်ပြီး

"ကျမတတ်နိုင်တဲ့အရာဆို ဘာမှမစဉ်းစားပါဘူး...လုပ်ပေးနိုင်ပါတယ်"

"ဟုတ်ပါပြီ ကိုယ့်မန်နေဂျာမလေးပြန်ရောက်လာတာကို ဂုဏ်ပြုတဲ့အနေနဲ့ နေ့လည်စာ မင်းကြိုက်တဲ့ဆိုင်ပြော...တစ်ဆိုင်လုံးကိုကိုယ်လိုက်ကျွေးမယ်"

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]OCWhere stories live. Discover now