Unicode
"ရှင် ဒီအထိလိုက်လာတယ်လား"
"မင်းကမှထွက်ပြေးတာကို.....ကိုယ်လိုက်ခေါ်ရတာပေါ့"
"ရှင်ပြန်တော့ ဦးဌာန်....အမေ့!!"
ထိုင်လျက်စကားပြောဖို့ပင်သူ့ကိုအခွင့်အရေးမပေးနိုင်တော့ပေ။သမီးကို ဩလက်ထဲပြန်ပေးပီး အလင်းထရပ်လိုက်ချိန် ခြေချော်ကာ လဲမည့်ဆဲဆဲ ဦးဌာန်က လှမ်းဆွဲလိုက်သည်။
"လဲတော့မာပဲ....အလင်းရယ် စိတ်ကိုလျှော့ပါ"
"ဘာကိုစိတ်လျှော့ရမာလဲ....ရှင့်ကိုမမြင်ချင်လို့မှအဝေးဆုံးကို ပြေးလာတာ...ကျမကိုဘာလို့လိုက်ရှာရသလဲ...ကျမတို့ကြားက ဇာတ်လမ်းပီးပီ...ရှင့်အဘွားရဲ့အမွေလည်းမမက်ဘူး ရှင့်ကိုလဲ မလိုချင်ဘူး"
"ငါတို့ဇာတ်လမ်းပီးပီလို့ဘယ်သူပြောတာလဲ...ခုမှ စတာအလင်းရဲ့....မင်းကိုယ်နဲ့ပြန်လိုက်ခဲ့....မင်းစိတ်ချမ်းသာအောင်လို့ ဒီတစ်နှစ်လုံး မင်းကို မတွေ့ပဲနေပေးခဲ့တာ....ငါ့အတွက်ရော လွယ်တယ်ထင်လား"
အလင်းရဲ့မျက်လုံးတွေက နာကျည်းရိပ်နဲ့အတူ ကြောက်ရွံ့ခြင်းတွေလည်းရောယှက်နေသည်။ဇွတ်အတင်းအကြပ်ကိုင်ဖို့မဖြစ်မှန်း ဌာန်သိပေမဲ့လည်း
သူမနဲ့ပဲ ရှေ့ဆက်ဖို့ဆုံးဖြတ်ထားတာမို့ အလင်းကိုချော့ရမည်။"ဌာန်....ပြေပြေလည်လည်လုပ်ပါ..မင်းသူ့ကိုပြန်လိုချင်တယ်မလား သူငယ်ချင်း"
နေသခင်က ဝင်ပြောလေသည်။
"မသိဘူး မကြားချင်ဘူး...ဖယ်လွှတ်"
အလင်းသူ့လက်ထဲကနေအတင်းရုန်းထွက်လိုက်သည်။
ပီးနောက် ဩဘက်လှည့်၍"နင်ငါ့ကိုညာတယ် ဩ"
"ငါ အဲ့လိုလုပ်မှဖြစ်မှာမို့လို့ပါ..အလင်းရယ်..အကို့ကိုလည်း သနားလို့!!"
"နင်သနားရမှာ ငါ့ကိုပါ...ဟ....ငါသူ့ကြောင့် ခံစားခဲ့ရတာတွေ နင်သိရင် ယုံမှာတောင်မဟုတ်ဘူး....သူက သူ့အတ္တအတွက် ငါဘဝပျက်မာသိသိကြီးနဲ့ကို ရက်စက်ခဲ့ဖူးတယ်..!!"
"အတိတ်တွေက ခွင့်လွှတ်နိုင်ရင်အကောင်းဆုံးပါ အလင်းရယ်...အကိုက သူ့အမှားကို ဝန်ခံပီပဲ...နင်ကျေအေးပေးလိုက်ပါ"
![](https://img.wattpad.com/cover/322291267-288-k811512.jpg)
YOU ARE READING
အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]OC
FantasyUnicode & Zawgyi Available. Unicode မင်းကို လက်ထပ်ချင်တာက ဘွားရဲ့အမွေတွေပိုင်ဆိုင်ရဖို့မဟုတ်ဘူး...ချစ်လို့...မထင်မှတ်ပဲ မင်းကို ချစ်မိသွားခဲ့လို့.. Zawgyi မင်းကို လက်ထပ်ချင်တာက ဘွားရဲ့အမွေတွေပိုင်ဆိုင်ရဖို့မဟုတ်ဘူး...ချစ်လို့...မထင်မှတ်ပဲ မင်းကို ခ...