အပိုင်း 31

535 19 0
                                    

Unicode

"အလုပ်ကပြန်လာပြီး အိမ်ထဲမှာထိုင်၍ အမေနဲ့စကားပြောနေတုန်းမှာဝေထက်ရောက်လာပြီး

"မမ...အိမ်ရှေ့ကစာတိုက်ပုံးမှာ ဟောဒီစာအိတ်တွေ့တယ်"

ထိုစာအိတ်ကိုမြင်တာနဲ့အလင်းသိပါတယ်။မန္တ‌လေးပွဲရုံမှမိတ်ဆွေတစ်ဦးက မော်လမြိုင်တွင်ရှိ‌သော ပဲဆီလုပ်ငန်းသို့ ပဲ စပ်ချင်သောအကြောင်းကြားစာဖြစ်၍ချစ်ဖုန်းတို့ရပ်ကွက်ထဲက ဆီကြိတ်ဆုံကိုသွားပေးရမှာဖြစ်သည်။ထို့ကြောင့်မေ့ကိုနှုတ်ဆက်ပြီး စာအိတ်ယူကာ အလင်းအိမ်မှထွက်ခဲ့၏။

"သားလည်းလိုက်မယ်"

ဝေထက်ကပါသူမနဲ့အတူလိုက်လာရင်း လမ်းမှာ မုန့်လည်းဝယ်စားခဲ့ကြသေးသည်။

"ကြီးကြီးတိုးရေ....သမီးအလင်းပါ"

ဆီကြိတ်ဆုံက ယနေ့လူနည်းနည်းရှုပ်နေတာမို့ ခြံဝင်းထဲရောက်သည်နှင့် ဆုံလည်ကြီးအနားက အိမ်ပိုင်ရှင်ကို အလင်းလှမ်းခေါ်လိုက်သည်။

"လာလေ အလင်းရဲ့...အိမ်ပေါက်ဝကြီးမှာ ဘာလို့ရပ်နေတာတုန်း"

"ဟုတ်ကဲ့"

အလင်းတို့မောင်နှမအိမ်ထဲရောက်သည်နှင့် မြေပဲဆံကြော်တွေကျွေးလေသည်။

"သမီးတို့စားခဲ့ပြီး..ကြီးကြီးရဲ့...သမီးအိမ်မှာ ဒီစာရောက်နေလို့ ကြီးကြီးကိုလာပေးတာ"

"ဟင် ကြီးကြီးရဲ့ လိပ်စာကိုမလာပဲနဲ့...ဘာလို့အလင်းတို့အိမ်ရောက်နေတာလဲကွဲ့"

"အဖေကမှာထားတယ်....သူ့မိတ်ဆွေက ဈေးကွက်ချဲ့ချင်တယ်လို့ပြောတော့ ကြီးတိုးကိုသတိရသွားတာတဲ့...အာ့နဲ့ သူတို့ပစ္စည်းလာပြဖို့အဆင်ပြေမပြေအရင်လှမ်းအကြောင်းကြားတာ...ကြီးတိုးသာ ဝယ်မယ်ဆို သူ့ဘက်ကလူကိုယ်တိုင်လာပြီး ပစ္စည်းပြရင်းဈေးညှိမယ်တဲ့"

"အဲ့ဒါများ ဖုန်းဆက်လိုက်ပါရောလားသမီးရယ်....ကြေးနန်းတွေ စာတွေနဲ့ လာပို့ရတာလဲ အချိန်မကုန်ဘူလား"

"အဖေကကြီးတိုးကိုမတိုင်ပင်ခဲ့ရတော့ ဖုန်းထဲကပြောရင် မသင့်တော်ဘူးထင်လို့ဖြစ်မယ်"

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]OCWhere stories live. Discover now