အပိုင်း 7

1.1K 37 6
                                    

Unicode

"အတ္တရဲ့စေရာ"

💐အပိုင်း(၇)💐

ဘဝတလျှောက်လုံးအားကိုးတကြီးခိုလှုံလာတဲ့ နွေးထွေးတဲ့ရင်ခွင်ကျယ်ကြီးက မျက်စိတမှိတ်အတွင်းမှာပဲ အေးစက်သွားနိုင်ကြောင်း အလင်းတို့တမိသားစုလုံးတရားရခဲ့သည်။

"အကို.....ကျမကိုကြည့်ပါဦး"

ဆေးရုံစင်္ကြန်လျှောက်လမ်းပေါ်  ခပ်မြန်မြန်သွားနေသော ဘီးတပ်ကုတင်ပေါ်က အဖေ့လက်အားကိုင်ရင်း အမေက အရူးတပိုင်းငိုယိုနေသည်။

"အားတင်းထားပါနော် ရှင့်ခလေးတွေရော ကျမရော အနားမှာရှိတယ်....ကျမတို့နဲ့အကြာကြီးနေသွားရမယ်နော် အကိုဘာမှမဖြစ်ရဘူး..ဟင့်"

Operation Roomထဲ လိုက်ဝင်မယ် လုပ်သော အမေ့ကို အလင်းတို့မောင်နှမသုံးယောက် ဝိုင်းတားရသည်။
အဖေကလှေကားထိပ်ကနေ တလှိမ့်ကောက်ကွေးပြုတ်ကျတာဆိုတော့ ကိုယ်တွင်းအင်္ဂါတစ်ခုခုများချို့ယွင်းသွားနိုင်သလား?
ခေါင်းက‌လည်းသွေးထွက်အရမ်းလွန်နေတယ်

အိမ်မာ အလင်းမရှိခင် ဖြစ်သွားတာမို့ နားမလည်သည့်အမေကကြောက်အားလန့်အားဖြင့် အလင်းကိုရော နယ်က အဖေ့အမျိုးတွေဆီကိုရော ဖုန်းခေါ်ပီးအကြောင်းကြားကာ ဆေးရုံပြေးလာလေသည်

"အမေ....အမေစိတ်ထိန်းပါ....အမေပါ လဲသွားလို့မဖြစ်ဘူးလေ...ဒီဆေးရုံက သမီးအသိတွေအများကြီးပါ အဖေသက်သာအောင်သူတို့အစွမ်းကုန်လုပ်ပေးမာပါ မငိုပါနဲ့တော့နော်"

‌အမေ့ကျောကိုပွတ်ကာ နှစ်သိမ့်ပေးရင်း

"အလင်း....သမီး"

"ဟင် အန်တီ....အန်တီလိုက်လာတယ်"

"အေး သမီးအဖေရော...ဆရာဝန်ဘာပြောလဲ....အခြေအနေသိရပီလား"

အမေ့ကိုသာ မငိုဖို့တားပေမဲ့ အလင်းကိုယ်တိုင်လည်း အားငယ်နေ၍ မျက်ဝန်းမှာ မျက်ရည်များကအပြည့်။

"ဟင့်အင်း မသိရသေးဘူး....သမီးစိုးရိမ်တာ အဖေက!....အဖေက အောက်ပိုင်းကို ထိသွားနိုင်မယ်ထင်တယ် အီးဟီး"

"မဟုတ်တာကွယ်....ဘာမှဆိုးဆိုးဝါးဝါး မဖြစ်လောက်ပါဘူး...."

"အလင်း!"

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]OCحيث تعيش القصص. اكتشف الآن