Ep 35 - TheEnd

2.7K 39 0
                                    

Unicode

ပြေးတဲ့သူရယ်
လိုက်တဲ့သူရယ်
ဘယ်သူနိုင်မယ်ထင်သလဲ

တကယ်ချစ်တဲ့သူက ရောက်အောင်လာပြီး
တကယ်ချစ်တဲ့သူကလည်းရအောင်တားရင်
ဒီခရီးကမဝေးပါဘူး

လက်ဖျားတွေအေး
နိမ့်ချည်မြင့်ချည် ဖိုနေတဲ့ရင်ဘတ်လေးနဲ့
ခေါင်းလေးတမျှော်မျှော် တွေ့နိုးမြင်ရနိုးနဲ့
လိုက်ရှာနေသူအတွက် စက္ကန့်တွေကပဲကြာသလား

လမ်းမလွဲဘူးဆို ရှင်ကျမကို တွေ့ပါစေ
လှည့်မပြန်ဘူးဆို ကျမရဲ့အနီးဆုံးမှာရှိပါစေ
မဝေးဘူးဆို ကျမဘက်ကပဲ ရှင့်ကိုဆွဲထားပါရစေ
ဒီနေ့သာနောက်ဆုံးဆို ကျမဘေးမှာရှိတဲ့သူဟာ ရှင်ပဲဖြစ်ပါစေ...

--
--
--

"တကယ်ဆုံးဖြတ်ပြီးပြီလား အလင်း"

ဩရဲ့စိုးရိမ်သောအမေးစကား
လက် မတင်အခြေအနေဖြစ်တဲ့ မင်္ဂလာပွဲကိုပစ်ပြီးထွက်လာခဲ့ပြီးမှ ဦးဌာန်ကိုရှာမတွေ့လျှင်...
အားလုံးဟာ မျက်နှာပျက်စရာတွေဖြစ်ကုန်တော့မည်

"ငါ့နှလုံးသားကို တစ်သက်လုံးမညာချင်ဘူး...မချစ်တဲ့လူနဲ့လည်းအတူတူမနေနိုင်ဘူး"

ထိုင်ခုံဆိုဖာကိုခေါင်းမှီ၍ ဩကိုရင်ဖွင့်နေမိသည်။
ခုချိန်မှာအလင်းတတ်နိုင်တာက ဦးဌာန်ကိုတွေ့အောင်ရှာဖို့ပဲ...
ရှင်ဘယ်မှာလဲ ဦးဌာန်ရယ်

လောလောနဲ့ထွက်လာမိတာ အလင်းရဲ့ဖုန်းကိုလည်းမှန်တင်ခုံပေါ်ထားရစ်ခဲ့သည်။ဟိုတယ်မှာမေမေတို့ကိုဆက်တို့ စိတ်ပူနေမှာအမှန်
တာဝန်ယူမှုမရှိလိုက်တာလို့အပြစ်တင်နေကြမှာအမှန်
အလင်းရဲ့ဆန္ဒကိုဘေးဖယ်ပြီး ဖြစ်သင့်တာကိုလုပ်လိုက်ရင် တစ်ဘဝလုံးဝမ်းနည်းလို့ဆုံးမှာမှမဟုတ်ပဲ။ဆန့်ကျင်ခြင်းဆိုတာ သူမသင်ယူတတ်ခဲ့ပြီ။ဆန့်ကျင်ပြီးလဲ ရွေးချယ်ခဲ့ပြီးပြီ။

ကျမကလဲ ပြန်ချစ်ပါရစေဦး...
သူကပဲအလျှော့ပေး သူကပဲအကြိုက်ဆောင်ပေးခဲ့တာ
သူ့လုပ်ရပ်တွေကို အလင်းခံယူသလို အလင်းဘက်ကလဲ တစ်လှည့်ကြင်နာခွင့်ရချင်သေးတယ်။တကယ်ချစ်တာမဟုတ်လား။

__
__

ဖုန်းထဲမှ အမည်မသိနံပါတ်တစ်ခု၏ မက်ဆေ့ကိုဖွင့်ဖတ်လိုက်ရာ ရုတ်တရက်တော့ ဌာန် ကြောင်သွားသည်။

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]OCحيث تعيش القصص. اكتشف الآن