အပိုင်း 14

1.5K 50 14
                                    

Unicode

၄ယောက်ထဲမှာမှ သက်ပိုင်တစ်‌ဦးတည်းသာ အကိုလေးကခေါ်တယ်ဆို၍ သက်ပိုင်အနည်းငယ်တော့လန့်သည်။
ကိုယ်တိုင်တော့ အကိုလေးအမိန့်ကိုဘာတစ်ခုမှမလွန်ဆန်မိဘူးထင်တာပဲ

"အကိုလေးကျနော့်ကိုခေါ်တယ်ဆိုလို့"

"အေး ထိုင်"

အကိုလေးက သူ့အခန်းထဲက ဆုံလည်ထိုင်ခုံကိုမျက်လုံးမှေးစင်းပီးမှီ‌နေ၍ သူနှင်ါမျက်နှာချင်းဆိုင် သစ်သားခုံတွင်ဝင်ထိုင်လိုက်သည်။

"အလင်းနုကိုလွတ်အောင် လုပ်ပေးတာမင်းလား"

တစ်ခွန်းတည်းမေးလိုက်ပေမဲ့ မာန်အပြည့်ပါဝင်သည်။
သူ့ကိုလည်း ခပ်တည်တည်ကြီးကြည့်နေတာမို့ ကြောက်ပီးအမှန်ပြောလိုက်၏

"ဟုတ် ဟုတ်ပါတယ်...အ...အကိုလေး...ဟိုလေ"

"ရပြီ....ရော့"

သူ့ရှေ့သို့ တစ်ထောင်တန်သုံးအုပ်ချပေးလာတော့ မယုံနိုင်ပဲ ပြန်မေးဖို့ပြင်နေတုန်းမှာ

"မင်းကိုကျေးဇူးတင်တယ်....အလင်းနုဘေးမသီရန်မခ အိမ်ပြန်နိုင်အောင် ကူညီပေးခဲ့တဲ့အတွက် ပေးတာ...ယူထားလိုက်"

"တကယ်ကြီးလား....အကိုလေး အလင်းနုကိုမုန်းနေတာမဟုတ်ဘူးလား....အာ့ကိုဘာလို့ ဒီပိုက်ဆံတွေ!!"

"ငါကိုယ်တိုင် အလင်းနုကို ဦးနေစိုးလက်ထဲပို့ခဲ့တာ...ပီးမှ ငါနောင်တတွေရခဲ့တာ...မလုပ်သင့်မှန်းသိခဲ့တာ...ငါ့အနေနဲ့အဲ့အချိန်မှာ အလင်းနုကို ပြန်လွှတ်ပေးဖို့ ပြောလို့မရတော့ဘူး....မင်းကငါ့ကိုယ်စား လုပ်ပေးခဲ့တဲ့အတွက် ဒီအကိုလေးက မင်းကို တကယ်ကျေးဇူးတင်နေတာပါ"

"ဝမ်းသာလိုက်တာအကိုလေးရာ....ခုလည်းနောက်မကျသေးပါဘူး...အလင်းနုလို အရာရာပြည့်စုံတဲ့ မိန်းမကောင်းလေးက မေတ္တာသန့်သန့်လေးတွေနဲ့ပဲထိုက်တန်ပါတယ်...အကိုလေးသူ့ကိုမမုန်းတော့လို့ ကျနော်အရမ်းပျော်တယ်ဗျာ...သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးပါနော်"

"မင်းပြောတဲ့ပုံစံက သူ့အကိုကျနေတာပဲ"

"ဟင်း...အလင်းနုကို မြင်မြင်ချင်းခင်လို့ပါ...သူ့အကြောင်းတွေးမိတိုင်းလည်း စိတ်ထဲမှာ သူမလူကောင်းသူကောင်းတွေနဲ့ပဲဆုံဆည်းပါစေလို့ဆုတောင်းပေးတယ်"

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]OCTahanan ng mga kuwento. Tumuklas ngayon