အပိုင်း 12

1.1K 47 14
                                    

Unicode

ခြင်္သေ့ခေါင်းပုံတပ်ထားသည့် လက်ရန်းပါသော ဆက်တီခုံတွင်အလင်းကြုံကြုံ့လေးထိုင်နေလိုက်သည်။ဦးနေစိုးဆိုတဲ့သူဟာအဘယ်မျှ ကြောက်ဖို့ကောင်းလဲဟု အလင်းတွေးရင်းရင်တုန်ရပါသည်။သို့ပေမဲ့ရင်နာမနေတော့ပါဘူး။ဦးနေစိုးထက်ကြောက်ဖို့ကောင်းတာက
ဦးဌာန်‌လေ...
အလင်းအတွက် တွေးမပေးပဲအတ္တကြီးလွန်းတဲ့ ‌ဦးဌာန်က ဦးနေစိုးထက် ပိုကြောက်ဖို့ကောင်းနေတာ။
အလင်းရဲ့မောင်နှစ်ယောက်နဲ့ ခြိမ်းခြောက်တာမို့ သူခိုင်းတာကို ဒါနောက်ဆုံးအကြိမ်လုပ်ပေးတာပဲ။
နောက်တခါ ထပ်ခိုင်းရင် ရဲကိုတိုင်မယ် သူ့မိဘတွေကိုအသိပေးမယ်။

"စောင့်နေရတာကြာသွားလား"

ထိုအသံကိုအလင်းမော့ကြည့်လိုက်တော့ နှုတ်ခမ်းမွှေးပါးပါး မျက်လုံးပြူးပြူးနဲ့ လူကြီးတယောက်။
ဧကန္တ ဦးနေစိုးဖြစ်မယ်ထင်တယ်။

"ဟုတ် မကြာပါဘူး..."

သူက အလင်းနံဘေးသို့လာကပ်ထိုင်သဖြင့် ဘေးကိုတိုးလိုက်ရသည်။နောက်တကြိမ်ထပ်ကပ်လာပြန်တော့လည်း  နေရာထပ်ရွေ့လိုက်သည်။တတိယအကြိမ်မြောက်တိုးကပ်လာသည့်အခါ အလင်းခုံရဲ့ ထောင့်သို့ကပ်သွားတာမို့ ကြောက်ပီး မတ်တပ်ထရပ်လိုက်သည်။
သူကတော့ အလင်းတကိုယ်လုံးကို ကြည့်နေသည်မှာ ပြူးနေတဲ့မျက်လုံးကြီးအောက်ပြုတ်ကျမတတ်ပါပဲ

"အလင်း ဦးလေးဆီက ဆေးဝယ်ဖို့လာတာပါ...ဒီမာပိုက်ဆံ.....ဆေးပေးပါ"

"နာမည်လေးက အလင်းတဲ့လား"

မေးတဲ့အသံကပြီတီတီနဲ့ မနှစ်မြို့ဖွယ်ဖြစ်သည်။

"ဆေးက ယူလာပီးသားပါ ဘာလဲ မင်းသုံးဖို့လား"

"မဟုတ်ဘူး!"

"အာ့ဆိုဘယ်သူ့အတွက်လဲ"

"လူတယောက်က ဝယ်ခိုင်းတာ"

"မင်းလိုလှတပတလေးကို ငါ့ဆီလွှတ်တယ်ဆိုတော့ မင်းပြောတဲ့လူက ငါ့ဆေးနဲ့မင်းနဲ့ အလဲအလှယ်လုပ်ချင်လို့ထင်တယ်"

"ဦးလေးဘာတွေပြောနေတာလဲ....ဒီမာ ပိုက်ဆံ....ပေးဆေးထုပ်....ကျမကိုဘယ်သူမှအလဲအလှယ်လုပ်လို့မရဘူး"

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]OCDonde viven las historias. Descúbrelo ahora