အပိုင်း 34

718 23 0
                                    

Unicode

လူတစ်ယောက်ကို ခင်ဗျားတို့ချစ်ဖူးလား
ရင်ဘတ်တစ်ခုလုံးနဲ့ နှစ်နှစ်ကာကာချစ်ခဲ့ဖူးလား!
ကျနော်ကတော့ချစ်ခဲ့တယ်
ရယူလိုခြင်းတွေကြီးစိုးနေတဲ့ ကျနော့်စိတ်ထဲမှာ ဖြည့်ဆည်းပေးခြင်းဆိုတာတွေကို နားမလည်ခဲ့ဘူး
နားလည်တဲ့အချိန်မှာလည်းအရမ်းကိုနောက်ကျနေခဲ့ပြီဗျာ...

တစ်ချိန်ကကျနော့်လက်ထဲရှိနေတဲ့အနာဂတ်က အခုတော့တစ်ခြားတယောက်ရဲ့ပစ္စုပ္ပန်ဖြစ်လာခဲ့ပြီ
အချိန်မှီသာဖမ်းဆုပ်ထားနိုင်ခဲ့ရင် ကျနော့်ရဲ့ပစ္စုပ္ပန်လေးက အေးချမ်းနေမှာဗျ...
အရမ်းနှမြောတာပဲဗျာ

မော်လမြိုင်မြို့သို့ ဒုတိယအကြိမ်သွားသည့်လမ်းတွင်မေမေက‌ သက်ပိုင်ကို အဖော်အဖြစ်ထည့်ပေးလိုက်ပေမဲ့ ဌာန့်ကားပေါ်လိုက်ထိုင်ခွင့်မပြုနိုင်ပါ။
ကြည်ကြည်ဖြူဖြူနဲ့ အလင်းထိုင်ခဲ့တဲ့နေရာလေးကို ဘယ်သူမှထိုင်ခွင့်မရှိ။ရန်ကုန်ရောက်ရင်ဒီကားကိုလဲဂိုထောင်ထဲသိမ်းထားလိုက်တော့မည်။
ဒီအတ္တလေး ထားဦးမယ်
သိမ်းထားဦးမယ်
ကိုယ်ချစ်တဲ့အမျိုးသမီးကိုမပိုင်ရပေမဲ့ သူ့အငွေ့အသက်တွေရှိနေတဲ့အရာတွေကိုတော့ ကျနော်ပိုင်တယ်။သူမရဲ့ အပြုံးနုနုလေးတွေကအစ ဒေါသအမှုန်အမွှားလေးတွေအဆုံး ကျနော့်ကြောင့် ဖြစ်ရရင် ကျနော့်အပိုင်ပဲ။

Dashboard ပေါ်က မေမေထည့်ပေးလိုက်သောမင်္ဂလာလက်ဖွဲ့လေးက ကျနော့်ကိုတိတ်တိတ်လေးလှောင်နေသလားတောင်ထင်ရတယ်။ကျနော့်ချစ်တာကိုအလင်းနားလည်ရင်သိပ်ကောင်းမှာပဲလို့တွေးမိပေမဲ့ မမျှော်လင့်ရဲခဲ့ဘူးဗျာ။အလင်းကိုတွေ့ရင် စိတ်ရှင်းရှင်းနဲ့နှုတ်ဆက်နိုင်ဖို့ ကျနော့်နှလုံးသားကို အမုန်းတိုက်မှရတော့မယ်..!

"ဟယ်လို...မေမေကြီး"

"...."

"ထွက်လာတည်းကအကိုလေးကတောက်လျှောက်မောင်းနေတာ..ခနတောင်မနားဘူးဗျ"

"...."

"ဟုတ်ကဲ့ ကျနော်သေချာဂရုစိုက်လိုက်ပါ့မယ်"

သက်ပိုင်တယောက် ကျဉ်းထဲကြပ်ထဲရောက်နေလေသည်။အကိုလေး၏အမေက လမ်းမှာခနတဖြုတ်နားဖို့ဖုန်းဆက်မှာကြားသော်လည်း အကိုလေးက စကားနားမထောင်မှာကိုသူသိနေတာမို့ပင်။
ရန်ကုန်နှင့်မော်လမြိုင် ၂နာရီခွဲလောက်မောင်းရမည်မို့ တောက်လျှောက်သာဆက်မောင်းနေရင် ဖြစ်မည်မဟုတ်။၂နာရီခွဲဆိုသောအချိန်က အပူတွေနဲ့အကိုလေးအတွက်တော့ ကြာတယ်မလား
ဟိုတယ်ရောက်မှပဲ သူ့ကိုနည်းနည်းလောက်နားခိုင်းရမှာပဲ

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]OCWo Geschichten leben. Entdecke jetzt