အပိုင်း - ၂

1.4K 288 80
                                    

Unicode

ရောက်ပြီး တစ်ရက် နှစ်ရက်အထိ နေရာထိုင်ခင်းကို ချလို့မပြီးသေး။ ပစ္စည်း တွေကို ကိုယ်လိုချင်တဲ့အတိုင်း ဟိုရွေ့သည်ရွေ့နဲ့အတော်လေးလည်းပင်ပန်းနေပြီဖြစ်သည်။ သူကိုကအကြောရှည်တာ အဆင်သင့်နေလို့ရတဲ့ အိမ်မှာ မရှိရှိတဲ့အလုပ်ကိုရှာပြီး ရွေ့ပြောင်းနေမိတာ။

" ယောင်းရယ် နားပါအုံးကွ။ ကိုယ့်မှာ မင်းကိုမလုပ်စေချင်လို့တောင် အစတည်းက ခေါ်ရှင်းခိုင်းထားတာကို "

ဂျောင်ဂုက company သွားခါနီးအလုပ်ရှုပ်နေသော ထယ်ယောင်းကို ကြည့်ပြီး ဆူသလိုပြောသည်။

" ငါ့စိတ်တိုင်းကျလေး ထားချင်လို့ပါ ဂျွန်ရယ် "

" ပြောမရလည်း သဘော။ ကိုယ်တော့ ပြန်လာမှပဲ ကူနိုင်တော့မယ် "

" အိုခေ အိုခေ ။ ဘိုင့် ...."

" ဘာကိုဒီအတိုင်း ဘိုင့်။ ပေးအုံးအာဘွား "

အနားရောက်လာပြီး ပါးတစ်ဖက်ထိုးပေးတော့ ထယ်ယောင်းဆီက မျက်စောင်းတစ်ချက်အရင်ရောက်လာသည်။

" မင်းကလေ ဓားပြတိုက်နေသလားမှတ်ရတယ် "

ပြောပြောဆိုဆို နမ်းလိုက်တော့ ဂျောင်ဂုကသဘောကျစွာရယ်သည်။

" မနမ်းတာလည်း မဟုတ်ဘဲနဲ့ "

ပြစ်ဝင်လာသော လက်သီးတစ်ချက်ကိုရှောင်ရင်း ဂျောင်ဂုမှာ တဟဲဟဲနဲ့ ကားသော့ကိုဖြုတ်လိုက်သည်။

" ကိုယ်သွားတော့မယ် "

" အင်း။ ညနေ ဘာမှစားမလာနဲ့ ။ ဒီနေ့ကစလို့ အိမ်မှာပဲချက်မယ် "

" ဟုတ်ပါပြီဗျာ "

ဂျောင်ဂုရဲ့ကားလေးဟိုးခြံရှေ့ရောက်သွားတဲ့အထိ ထယ်ယောင်း မျက်စိတဆုံးငေးကြည့်နေမိတယ်။ ရင်ထဲမှာတော့ ပျော်တာတွေရော ကြည်နူးတာတွေရော။

လုပ်လက်စအလုပ်တွေကိုဆက်လုပ်ဖို့ ပစ္စည်း တွေထည့်ထားတဲ့ ပုံးကြီးကို ချလိုက်သည်။ အထဲမှာတော့ သူ့ရဲ့စာရွက်စာတမ်းတွေ။

ပြတင်းပေါက်ကနေ တဖြူးဖြူးဝင်နေတဲ့ လေနုအေးတွေကြောင့် ဒီနေရာကို သဘောကျပြီးရင်း ကျရသည်။ ဒီနားမှာ အိမ်တွေကလည်း ခြံအကျယ်ကြီးတွေနဲ့ ကိုယ့်ဘာသာပဲ တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းနေကြတာ။

The NoiseWhere stories live. Discover now