#Unicode
တိတ်ဆိတ်နေသော ခြံကလူမရှိတဲ့အတိုင်းပင်ဖြစ်သည်။ ရှည်လျားသော မြက်ရိုင်းတွေက ခြံတစ်ခုလုံးဖုံးလုလုနီးပါးဖြစ်လို့နေသည်။
ခြံထဲကမြက်ရိုင်းရှည်တချို့ကိုဖြတ်ကျော်ရင်း အိမ်ရှေ့တံခါးမကြီးဆီကိုရောက်လာခဲ့သည်။ အနားရောက်မှ သော့ခပ်ထားသော တံခါး ကြောင့် ဂျောင်ဂုသက်ပျင်းမောကြီးကိုချမိတော့သည်။
ဒီနေရာကိုရောက်ဖို့အတွက်ခက်ခက်ခဲခဲရှာပြီးလာခဲ့ရတာ။ ရောက်လာတော့လည်း အိမ်ရှင်ကိုမတွေ့တာကြောင့် အိမ်ရှေ့မှာပဲ စိတ်ပျက်လက်ပျက်နဲ့ထိုင်ချမိလိုက်တော့တာ။
ဒီအိမ်ရှင်ကို ကျွန်တော် မတွေ့လို့မရဘူးလေ။ ဒီအိမ်ရှင်က ကျွန်တော်တို့အိမ်ကို ဝယ်တုန်းက လုပ်ပေးခဲ့တဲ့ ပွဲစားရဲ့အိမ်။ အိမ်ရဲ့အကြောင်းကို ဒီလူကမသိစရာအကြောင်းမရှိတာမလို့ မရရအောင်စုံစမ်းပြီးတော့ကို လိုက်လာခဲ့တာ။
ထိုစဉ်ခြံထဲကိုဝင်လာတဲ့လူတစ်ယောက်။ သူ့ကိုမြင်တော့ တော်တော် အံ့အားသင့်သွားတဲ့ပုံပါပဲ။ ခဏကြောင်ကြည့်နေပြီးမှ လှည့်ပြေးတော့တယ်။
ဒီလောက်ဆို ဒီလူသူ့ကိုဘာကြောင့်လာရှာလဲဆိုတာမသိပဲမနေ။ သိနေလို့ကိုပြေးတာဖြစ်သည်။
"ဟေ့လူ ... ခင်ဗျားရပ်လိုက်စမ်း"
အော်လည်းအော် ပြေးလည်းပြေးနဲ့ တော်တော် လှမ်းလှမ်းကျမှဖမ်းမိသည်။ အင်္ကျီ စကိုဆွဲကိုင်မိပြီးမိတဲ့အချိန်မှာ နှစ်ယောက်စလုံးမောဟိုက်နေပြီဖြစ်သည်။
ကောင်းကောင်းမွန်မွန်မေးဖို့ ဆွေးနွေးဖို့လာတာကို ထွက်ပြေးတော့ အကြမ်းပတမ်းလိုက်ဖမ်းရသည်။
ထိုလူက ကြောက်လန့်နေသောမျက်ဝန်းများဖြင့်ကြည့်ရင်း စကားစလာသည်။"ကျွန် ...ကျွန်တော့်ကိုရှာတာ ဘာကိစ္စလဲ"
"ခင်ဗျားမသိလို့လား"
ရင်ဘတ်က အင်္ကျီ စကိုခပ်တင်းတင်းဆွဲပြီးအော်တော့ မျက်လုံးတွေကိုမှိတ်ချပြီး ကြောက်အားလန့်အားတောင်းပန်လာသည်။
"တောင်း ... တောင်းပန်ပါတယ်"
"ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ။ ခင်ဗျားဒီအိမ်အကြောင်းသိနေတယ်မဟုတ်လား။ ဘာကိစ္စ ကျွန်တော်တို့ကိုရောင်းခဲ့တာလဲ"