#Unicode
ဆေးရုံကုတင်ထက်မှာ အိပ်စက်နေတဲ့ ထယ်ယောင်းပုံကိုကြည့်ပြီး ဂျောင်ဂုရဲ့ပါးပြင်ထက်မှာ မျက်ရည်များသာစီးကျနေခဲ့သည်။
ပါးလေးကိုတို့ထိလိုက် ဆံပင်လေးတွေကိုသပ်တင်ပေးလိုက်နဲ့ ယောင်းက နည်းနည်းလေးတောင်နိုးမလာခဲ့သေး။
ဆရာဝန် ကြီးတွေရဲ့ ဆေးစစ်ချက်မှာ ယောင်းမှာ ကြီးကြီးမားမားထိခိုက်မိထားတာဆိုလို့ဘာမှမရှိ။အကြောက်လွန်ပြီးသတိလစ်သွားတာ မကြာခင်ပြန်သတိလည်လာမှာပါဆိုလို့ ယောင်းဘေးနားမှာထိုင်စောင့်နေပေမယ့် သတိလည်မလာသေးပေ။
ဘာလို့ယောင်း ဒီလောက်ထိပြောင်းလဲသွားခဲ့တာလဲ။ ယောင်းမှာဘာနာကျင်စရာတွေများရှိနေခဲ့လို့လဲ။
ကိုယ်က ဟိုးအရင်တည်းကနေအခုထိမင်းကိုပဲချစ်ရတာပါယောင်းရယ်။ ပြောင်းလဲလာဖို့လည်းမရှိသလို ပြောင်းလဲသွားမှာလည်းမဟုတ်ဘူး။
ဘာတွေကိုများ သံသယတွေနဲ့ ကိုယ့်အပေါ် နာကျည်းနေရသလဲ။
အရင်တုန်းကဆိုယောင်းကိုအချိန်တွေပေးနိုင်ခဲ့တယ်။ နောက်ပိုင်း company မှာကလည်းအလုပ်အရမ်းများလွန်းတာကြောင့် ဘယ်နေရာမှာမဆို သူမပါရင်မပြီးဘူး။
အိမ်ပြန်ချိန်တွေနောက်ကျတာကိုယ်သိပါတယ်။ ဒါပေမဲ့ ကိုယ်အလုပ်မှာပဲရှိနေခဲ့ပြီး ဘယ်အချိန်ပဲရောက်ရောက် မင်းဆီကိုပဲအရောက်ပြန်လာခဲ့တာလေ။
"အမြန်နိုးလာပါတော့ယောင်းရယ်"
မပွင့်တပွင့်မျက်လုံးတွေကစူးခနဲအလင်းရောင်ကြောင့် ပြန်မှိတ်ကျသွားသည်။ ဝေဝေဝါးဝါးအမြင်အာရုံထဲမှာ အရင်ဆုံးမြင်လိုက်ရတာက မျက်နှာကျက်ဖြူဖြူကို။
နားထဲမှာလည်း ခေါ်သံတွေကိုကြားနေရသည်။
တဖြည်းဖြည်း ကြည်ရှင်းလာသော အမြင်အာရုံနဲ့အတူ မျက်ရည်တွေနဲ့ သူ့ကိုကြည့်နေတဲ့ ဂျွန့်ကိုတွေ့လိုက်ရသည်။
"ယောင်း ... သတိရပြီလား။ ကိုယ့်ကိုကြည့်ပါအုံး"
"ဂျွန်"
ခေါ်သံကတိုးတိုးလေး။ ဂျောင်ဂုမှာ ထိုခေါ်သံကြောင့် ခေါင်းကိုအမြန်ညိတ်ရင်း လက်လေးတွေကိုဆုပ်ကိုင်လိုက်သည်။