အပိုင်း - ၁

5K 405 110
                                    

#Unicode
" သားလေးတို့နှစ်ယောက် အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ကြပါစေကွယ် "

နှစ်ဖက်မိဘတွေကိုကန်တော့အပြီး ဆုတောင်းပေးတဲ့ စကားသံအဆုံး ထယ်ယောင်းရော ဂျောင်ဂုပါ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်တူ ကြည့်ရင်းပြုံးလိုက်မိကြသည်။

နှစ်တွေအကြာကြီး ချစ်သူတွေအဖြစ် လက်တွဲခဲ့ကြပြီး နောက်ဆုံးတော့ လည်း သူတို့ ရည်မှန်းထားတဲ့အတိုင်း တစ်သက်လုံးအတူတူနေကြရတော့မည်။

အခက်ခဲပေါင်းများစွာကို အတူတူဖြတ်ကျော်ခဲ့ကြရပြီး နောက်ဆုံးတော့လည်း ပျော်ရွှင်စရာနေ့ရက်လေးတွေက သူတို့ကိုစောင့်ကြိုနေကြပြီဖြစ်သည်။

" ဘာကိစ္စပဲရှိရှိ နှစ်ယောက်သားတိုင်တိုင်ပင်ပင်စည်းစည်းလုံးလုံးနေကြ။ ငါ့သားတွေက ဒါတွေကိုအထူးတလည် မှာနေစရာလည်းမလိုတော့ဘူးထင်တာပါပဲလေ "

ထယ်ယောင်း ရဲ့ မေမေက ရယ်သံနှောကာ ပြောတော့ အားလုံးက သဘောကျစွာဝိုင်းရယ်ကြသည်။ သူတို့နှစ်ယောက်ကလည်း ပြောလည်းပြောချင်စရာ။ ချစ်လာခဲ့ကြတာ ဆယ်စုနှစ်တစ်စုအကျော်။

မိဘတွေကိုစပြီး ဖွင့်ပြောတုန်းက ဆိုရင် ဘယ်သူမှမယုံနိုင်ကြဘူး။ ယောက်ျားလေးအချင်းချင်း ချစ်ကြတယ်ဆိုတော့ နှစ်ဖက်မိဘတွေ ဘက်က သဘောတူ လက်ခံနိုင်ဖို့ အတော်လေး ခဲယဉ်းခဲ့ကြတာ။

နှစ်ယောက်သား အိမ်ပေါ်ကနေဆင်းလာ အပြင်ကအခန်းလေးမှာ ငှားနေကြပြီး ဘဝကိုအတူတူ ကြိုးစားလာခဲ့လိုက်ကြတာ လက်ထပ်ဖို့ဆိုတဲ့ အိမ်မက်လေးတစ်ခုအတွက်ပဲ။

နောက်ဆုံး သားသမီးကို သံယောဇဉ် မဖြတ်နိုင်တဲ့ မိဘတွေအဖို့ သူတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ ကိုလည်းမခွဲရက်တော့တာကြောင့် သဘောတူပေးခဲ့ကြတာ။

အခုတော့လည်း ခက်ခဲပင်ပန်းခဲ့ကြတဲ့ အချိန်‌တွေကမနေ့တစ်နေ့ကလိုပဲ။ အရာရာဟာ ပျော်ရွှင်စရာတွေချည်းပင်။

" မေမေတို့ကလည်း ဒီနေ့ပဲ မင်္ဂလာပွဲ ပြီး နောက်နေ့ပြန်ကြတော့မလို့လား "

ဂျောင်ဂုမေးတော့ အမေတို့က ခေါင်းညိတ်ရင်း ...

" ပြန်ရမယ် ငါ့သားရေ။ ဟိုမှာကလည်း ဝန်ထမ်းတွေကို ထားခဲ့ရတာမဟုတ်လား "

The NoiseWhere stories live. Discover now