#Unicode
"ဒီနေရာမှာပဲချခဲ့လိုက်ပါ"
မှာထားတဲ့ ပျိုးပင်ပေါက်တွေလည်းရောက်လာပြီ။ ယောင်းကို ကတိပေးထားတဲ့အတိုင်း အိမ်ရှေ့ကမြေကွက်လပ်ကျယ်ကြီးမှာ ယောင်းအတွက် ပန်းခင်းလေးတစ်ခင်းကို စိုက်ပျိုးပေးမည်ဖြစ်သည်။
ဒီ့အတွက်သူကိုယ်တိုင်စိုက်ပေးမှာ။ ယောင်းသဘောကျတဲ့ ပန်းတွေကို သူကိုယ်တိုင်ဖန်တီးပေးမှာ။ တစ်နေ့ကို နည်းနည်း နည်းနည်းစီစိုက်သွားရင် ကြာလာတဲ့အခါ ပန်းခင်းကြီးဖြစ်လာမှာပါ။
"ယောင်းရေ ပျိုးပင်တွေတော့ရောက်လာပြီ။ ကိုယ်စိုက်ဖို့ပဲကျန်တော့တယ်"
ဂျောင်ဂုရဲ့လှမ်းအော်သံကြောင့် ထယ်ယောင်းကစာရေးနေရာမှာ ခေါင်းငဲ့ကာလှမ်းကြည့်သည်။ အင်း ဟုသာပြန်ဖြေပြီး စာကိုပြန်ရေးနေပြန်သည်။
အေးစက်သောထိုအပြုအမူကြောင့် ဂျောင်ဂုမှာစိတ်မကောင်းဖြစ်သွားရသည်။ ထယ်ယောင်း ပျော်စေချင်လို့လုပ်ပေးတဲ့ အရာတစ်ခုကို ထယ်ယောင်းဘက်က ထူးခြားမှု တစ်စုံတစ်ရာ မပြတဲ့အခါ ရင်ထဲမကောင်းဖြစ်ရသည်။
"မပျော်ဘူးလား ယောင်းရဲ့။ ယောင်းလိုချင်တဲ့ပန်းခင်းလေးကိုယ်စိုက်ပေးမှာလေ"
"အာရုံတွေနောက်တယ်။ကိုယ့်ဘာသာနေစမ်း"
ဒေါသတွေထွက်သွားတာချက်ချင်း။ရေးနေတဲ့ laptop ကိုအားနဲ့စောင့်ပိတ်ပြီး အိမ်ထဲသို့ခြေဆောင့်ကာဝင်သွားပြန်သည်။
"ယောင်း ... ယောင်း "
ဘယ်လောက်ပဲအော်အော် တချက်လေးတောင်ပြန်လှည့်မကြည့်သွားပေ။ ဒီတလောယောင်းဘာဖြစ်နေလည်း နားကိုမလည်နိုင်တော့။
ပျော်နေတဲ့အခါမှာတအားပျော်သလို ဒေါသကြီးလျင်လည်း ထိန်းမရသလိုလည်းဖြစ်နေတတ်ပြန်သည်။ ဘာတွေအမြင်မကြည်ဖြစ်နေတာလဲမေးသည့်အခါတိုင်း အကြောင်းအရာ ကိုရေရေ ရာရာ မပြောဘဲ အမြဲဝေ့လည်ကြောင်ပတ်လုပ်သည်။
စိတ်မောလက်မောနဲ့ ခုံပေါ်ကိုမှီပြီးထိုင်ချတုန်း အာရုံကစားပွဲပေါ်မှာတင်ထားတဲ့ laptop ဆီအကြည့်ရောက်သွားသည်။ စာတွေဘာတွေရေးရတာအဆင်မပြေလို့များလား။