#Unicode
"ဂျွန်နိုးပြီလား"
မနေ့ညက မိုးလင်းခါနီးမှမှေးခနဲတချက်အိပ်ပျော်သွားတာ။ သူနိုးလာတော့ယောင်းကနိုးနှင့်နေပြီ။
မျက်နှာသစ်ပြီးစယောင်းရဲ့မျက်နှာကရေစက်လေးတွေခိုတွဲကာ သန့်ရှင်းကြည်လင်နေသည်။ နုဖတ်နေသောမျက်နှာချောချောကအိပ်ရေးဝလို့ လန်းဆန်းနေသည့်ဟန်။
ညကအဖြစ်တွေကိုပြန်တွေးပြီး သွားတိုက်တံအပေါ်သွားတိုက်ဆေးထည့်ပြီးတဲ့အထိ သူသွားမတိုက်ဖြစ်သေးပါ။
"အင်းယောင်း"
"မနက်စာဘာစားကြမလဲ။အိမ်မှာပဲစားမလားအပြင်ထွက်ကြမလား"
"ဟိုလေ ယောင်း"
"အင်းပြော"
"မနေ့ညက ယောင်းအောက်မှာမုန့်ဆင်းစားတာလား"
သူမေးတော့ ယောင်းကမျက်နှာသုတ်ရင်းခေါင်းညိတ်သည်။
"ဟုတ်တယ်ဂျွန်။ငါဗိုက်ဆာလို့ထစားတာ။မင်းတောင်လာဆင်းခေါ်သေးတယ်လေ"
မုန့်စားနေတာတွေ့လို့ မုန့်စားနေတယ်ဆိုတဲ့အဖြေကိုလိုချင်ပေမယ့် ကြားချင်တဲ့အတိုင်းကြားရတော့လည်းသူ့ရင်ထဲမှာဘဝင်မကျပေ။
ညကယောင်းမုန့်တွေစားနေခဲ့တာမှန်တယ်။ဒါပေမဲ့တခါမှမမြင်ဖူးတဲ့ပုံနဲ့အားရပါးရကိုစားနေခဲ့တာ။
"အင်းကိုယ်သိပါတယ်။ယောင်းက အဲ့လိုအများကြီးမစားစဖူးစားနေလို့ အံ့ဩလို့မေးတာပါ"
"အော် ငါလည်းဗိုက်ဆာတဲ့အချိန်အများကြီးစားမိမှာပေါ့ကွ"
ထယ်ယောင်းကဘာဖြစ်လဲဆိုသည့်ပုံနဲ့မကျေမခြမ်းပြောလာတော့ ဂျောင်ဂုကခါးသွယ်သွယ်တို့တဝိုက်ကိုတင်းကြပ်စွာဖက်တွယ်လိုက်သည်။
"စားတာကို ကိုယ်မပြောပါဘူး။ ယောင်းအဆင်ပြေရင်ပြီးတာပါပဲ"
"ထူးထူးခြားခြား တွေလာပြောနေပြန်ပြီ"
ထယ်ယောင်းမှာ အခုမှ မှန်ထဲကတဆင့် ဂျောင်ဂုရဲ့လက်ကယောင်နေတဲ့နေရာကိုသတိထားမိဟန်။ ဖက်ထားတဲ့လက်တွေကိုဖြုတ်ချပြီး လက်လေးကိုအသာယာယူကာ ပြူးပြဲကြည့်သည်။