#Unicode
ခြားနေတဲ့စည်းတွေကို ကျော်လွန်ခဲ့အပြီးမှာ ရှင်းနဲ့ဟွမ်းက ချစ်သူတွေ ဖြစ်လာခဲ့ကြပါတယ်။ ရှင်းက ဟွမ်းအတွက်ဆို ဘာမဆို ဖြည့်ဆည်းပေးတဲ့ ပါရမီဖြည့်ဘက်ကောင်းတစ်ယောက်ဖြစ်လာခဲ့တယ်။ အရင်အခြေအနေနဲ့ များစွာကွာခြားလာတဲ့ ဘဝတစ်ခုမှာ ဟွမ်းတစ်ယောက်အစစအရာရာပြေလည်လာခဲ့တယ်။
မသိတာကိုပြောပြ မတတ်တာတွေကို သေချာသင်ကြားပေးရင်းဟွမ်းက ရှင်းရဲ့ လမ်းပြပေးမှုအောက်မှာ လုပ်ငန်းတွေကိုဦးဆောင်လာနိုင်ခဲ့တယ်။ ခြောက်သွေ့နေခဲ့တဲ့ အိမ်တော်ကြီးကလည်း ရှင်းရဲ့ ရယ်သံတွေနဲ့ ပြန်လည် အသက်ဝင်လာခဲ့ပါတယ်။
အရင်အခြေအနေတွေနဲ့ များစွာကွာခြားပြောင်းလဲသွားတဲ့ဟွမ်းကို ကြည့်ပြီး ရှင်းရဲ့ ရင်ထဲမှာ ပီတိတွေကလှိုက်ဖြာပါတယ်။ ခပ်နွမ်းနွမ်း နဲ့ အားငယ်နေတတ်တဲ့ မျက်ဝန်းတွေမှာ ရဲရင့်မှုတွေကအစားထိုးနေရာယူလာခဲ့တယ်။ အရာရာကိုဟွမ်းက ဦးဆောင်လာနိုင်တယ်။ ရှင်းရဲ့အကူညီမလိုတော့တဲ့အထိ အားလုံးကို ဦးဆောင်လာနိုင်ခဲ့တယ်။
အစစအရာရာ အဆင်ပြေလာတဲ့ဟွမ်းက သွေးနားထင်ရောက်ပြီး မာန်တက်လာခဲ့တယ်။ ငွေရေးကြေးရေးအဆင်ပြေလာတော့ဟွမ်းက အပျော်အပါးလေးလည်းလိုက်စားလာခဲ့ပြန်ပါတယ်။
"သခင်လေး။ သခင်လေး စိတ်လျော့ပါ"
"ကျွန်တော့်ကိုမတားနဲ့"
အံကြိတ် ထားတဲ့ကြားက ပြောလိုက်တဲ့လေသံကအေးစက်လွန်းနေသည်။ နာကျည်းလွန်းသော မျက်ဝန်းမှာ မျက်ရည်စတို့က ခိုတွယ်နေသည်။ အိမ်ရှေ့မှာချွတ်ထားသော ဒေါက်ဖိနပ်တစ်ရံကိုကြည့်ပြီး ရှင်းအသဲတွေ ဆတ်ဆတ်ခါအောင်နာကျင်ရပါသည်။
"အမြဲဒီလိုပဲလားဦးလေး"
အိမ်တော်ထိန်းကြီးမှာ ဘာမှပြန်မဖြေနိုင်။ ရှင်းအလုပ်ကိစ္စနဲ့ခရီးတွေသွားတဲ့အခါတိုင်း ဟွမ်းက အိမ်တော်အထိ ဒီလိုအမျိုးသမီးတွေခေါ်လာပြီး ပျော်ပါးနေကြ။ ဒါတွေကို ရှင်းကိုပြန်ပြောရင် ဘယ်လို ဘယ်ဝါပြုမည်ဖြစ်ကြောင်း ပြောတဲ့အခါတိုင်း ဘယ်သူမှ တုတ်တုတ်ပင်မလှုပ်ရဲကြ။