#Unicode
"ဂျွန် ဒီနေ့ company သွားရင်ငါလည်းလိုက်ခဲ့မယ်နော်"
ယောင်းပြောလာတော့ သူခေါင်းညိတ်ပြလိုက်မိသည်။ ဟိုနေ့ညက ကိစ္စက သူကိုယ်တိုင်လည်း ဇဝေဇဝါနဲ့တွေးရခက်နေတုန်းပင်ဖြစ်သည်။
လောလောဆယ် ထယ်ယောင်း တစ်ယောက်တည်းနေဖို့အဆင်မပြေမှာစိုးတာကြောင့် ခေါ်သွားလိုက်မည်။ အပြန် စိတ်ပြေလက်ပျောက် အပြင်မှာ ညစာလေးအတူစားလျှောက်ပတ်ပြီးမှပဲပြန်လာတော့မည်။
"ဘယ်လိုလဲ ဂျွန်။ ငါ့ပုံစံကအိုခေရဲ့လား"
မိုးပြာရောင် အင်္ကျီ ကို အနက်ရောင်ဘောင်းဘီရှည်နဲ့ တွဲဖက်ကာဝတ်ဆင်ထားသည့် ထယ်ယောင်း ပုံစံက သန့်ရှင်းကာချောမောနေသည်။
အမြဲတမ်းမိမိုက်နေပါသော်လည်း ထယ်ယောင်းကပြင်ဆင်ပြီးတိုင်းသူ့ကိုမေးမြဲဖြစ်သည်။
မေးတိုင်းလည်းပြောတတ်သေးတာက ငါချောတာငါသိတယ် မင်းပါးစပ်ကပြောတာကိုကြားချင်လို့ကိုမေးတာဟု ထယ်ယောင်းကပြောလေ့ရှိသည်။
"မင်းကမေးစရာမလိုအောင်ချောပြီးသားပါယောင်းရယ်"
"အိုခေ...သွားကြရအောင်။ မင်းနောက်ကျနေမယ်"
အိမ်တံခါးတွေကိုသေချာပိတ်ပြီး သူတို့ထွက်လာခဲ့လိုက်ကြသည်။ ထယ်ယောင်းကတော့ အပြင်ကိုလိုက်လာရလို့ ပျော်နေခဲ့သည်။ သူ့မှာတော့အဖြေရှာမရတဲ့ ပုစ္ဆာကြောင့်ရင်ထဲမှာလေးလေးပင်ပင်။
_______
"မိန်းမ ဘာရပ်ကြည့်နေတာလဲ"
ခေါ်သံကြောင့် ရင်ထဲမှာ ထိတ်ခနဲ။ လှမ်းလက်စအဝတ်ကိုတောင် ယောင်ပြီး ပြစ်ချလိုက်မိတဲ့အထိပဲ။
"လန့်လိုက်တာရှင်ရယ်။ တိုးတိုးပြောစမ်းပါ"
"ဘာတွေ့လို့လဲ"
" ရှင်ကျုပ်ကိုအဲ့လိုကြီးမမေးစပ်းပါနဲ့တော်။ ဟိုဖက်အိမ်ကကောင်လေးတွေအပြင်ထွက်သွားကြတယ်"
"အဆင်ပြေကြရဲ့လားမသိဘူး"
"ပြေပြေမပြေပြေရှင့်အလုပ်မဟုတ်ဖူး။အိမ်ထဲဝင်ကြမယ်"