အပိုင်း - ၁၁

1.5K 202 44
                                    

#Unicode
ဖယောင်းတိုင်ကပေးတဲ့ အလင်းရောင် သဲ့သဲ့သာ ရှိသောအခန်း ငယ်ထဲမှာအရာအားလုံးက ငြိမ်သက်နေသည်။ စုံစမ်းမေးမြန်းမှုတွေပြီးတဲ့ နောက်မှာ သူဒီနေရာကိုရောက်လာခဲ့တာ။

ဒီနတ်ဆရာကတော့ ဒီဒေသတစ်ဝိုက်မှာ နာမည်ကြီးသည်တဲ့။ ပရလောကသားတွေကြောင့် ဖြစ်တဲ့ ပြသနာကိစ္စတော်တော်များများကို ပျောက်ကင်းအောင်ကုပေးနိုင်တယ်ဆိုတဲ့ သတင်းကြောင့် လာရတဲ့ ခရီးက ခက်ခဲကြမ်းတမ်းပေမယ့် ယောင်းအတွက်မလို့ မရောက် ရောက်အောင်ကိုလာခဲ့တာ။

ဒီနေရာကိုရောက်ဖို့ ရွာထဲအထိကားကိုဝင်လာလို့မရဘူး။ ရွာလမ်းက ကြမ်းပြီး ကျဉ်းလွန်းတာကြောင့် ကားကို ရွာထိပ်ကနေရာမှာပဲထားခဲ့ရတာ။ နယ်ပယ်စိမ်းမလို့ အန္တရာယ် တွေဘာတွေဖြစ်မှာကိုလည်း ဂရုမစိုက်မိတော့ဘူး။

ယောင်းကိုအရင်တိုင်းပြန်ဖြစ်စေချင်တယ်။ အရင်လို ပျော်ပျော်ရွှင်ရွှင် နဲ့ ပြန်နေစေချင်တယ်။ မကောင်းတဲ့အရာက ယောင်းကို ဒုက္ခ ပေးသွားမှာသိပ်ကိုစိုးရိမ်နေမိတာ။

ရှင်း ရဲ့ နောက်ကြောင်းရာဇဝင်ကိုကြားခဲ့ရတာ စိတ်မကောင်းလှပေမယ့် ယောင်းကိုလည်း ဒီအတိုင်းပြစ်ထားလို့မှမရတာလေ။

" ဒီအတိုင်းဆက်ထားရင် အခြေအနေကပိုဆိုးသွားလိမ့်မယ်"

"ဟုတ်ကဲ့"

"မကောင်းဆိုးဝါးက အမုန်းအားကြီးလွန်းတယ်။ အချိန်မှီမလုပ်ရင် တဖြည်းဖြည်းနဲ့ ဝါးမြိုသွားလိမ့်မယ်"

"ကျွန်တော် ဘယ်လိုလုပ်ရမလဲ ဆရာ"

"အကြောင်းရင်းကိုဖန်တီးသူကသာ သူ့အမုန်းကိုဖြေဖျောက်နိုင်လိမ့်မယ်"

ထိုဆရာက မျက်လုံးကိုမှိတ်ကာအာရုံခံပြန်သည်။ မှိတ်ထားသောတည်ငြိမ်နေသောမျက်ဝန်းအစုံဟာအချိန်ကြာလာတာနှင့်အတူ လှုပ်ရှားလာသည်။

"လက်စွပ်နှစ်ကွင်း ... ဘူးထဲမှာ။သွေးစွန်းနေတဲ့ အဝတ်အဖြူနဲ့ပတ်ထားတယ် ... အဲအပေါ်မှာ စည်းထားတဲ့ အစီရင်စာရွက်ကိုဖယ်"

ထို့နောက်အသက်ရှုသံပြင်းပြင်းနှင့်အတူ ပြန်လည်ပွင့်ဟလာခဲ့သောမျက်ဝန်းတွေ။

The NoiseWhere stories live. Discover now