ခွမ်း!!
'' သွား!! ငါအခန်းထဲကအကုန်ထွက်သွားကြ''
မနက်ခင်းစောစောစီးစီးဂျယ်မင်းစိတ်တိုရတော့၏။သခင်မသိဘဲ သူများပစ္စည်းကိုကိုင်တာလောက်မုန်းတာမရှိ။အခုလည်းကြည့် မျက်နှာတွေက ဘာမှမလုပ်ထားသလိုတွေ။ ဂျယ်မင်း ဆူးရဲစွာအကုန်လုံးကို စိုက်ကြည့်နေလိုက်တော့မှမျက်နှာလေးတွေငုံ့သွားတော့သည်။ဂျယ်မင်းဟာပန်းရောင်ကြိုက်သူပီပီအခန်းထဲကသူ့ပစ္စည်းများကိုလည်းပန်းရောင်ပါတာများသာသုံးထားသည်မို့အခန်းလေးဟာအလွန်လှကာသက်သက်ရက်ရက်ရှိနေ၏။
''တောက်''
''နာနာ သားငယ်လေးဘာဖြစ်တာလဲကွယ် မားမားကိုပြောပါအုံး''
ဂျယ်မင်းမားမားမှာလည်းသူသားငယ်အော်သံကြားတာနဲ့အိမ်အပေါ်ထက်သို့အပြေးလာရတော့၏။အမဖြစ်သူမှာလည်းနောက်ကစိတ်ပူစွာပါလာတော့သည်။
''ဒီမှာလေ မားမား သခင်မသိဘဲသခင်ပစ္စည်းကိုခိုးဖို့လုပ်နေကြတာလေ။ ''
''မဟုတ် မဟုတ်ပါဘူးရှင့် ကျွန်မကဒီတိုင်းပစ္စည်းလေးကလှလို့ကိုင်မိသွားတာပါ ခိုး ခိုးတာမဟုတ်ပါဘူး''
ပစ္စည်းလေးကိုကိုင်မိတဲ့ကောင်မလေးမှာအသည်းအသန်ရှင်းပြရတော့၏။မျက်နှာလေးကလည်းအတော်လေးကိုပျက်နေပီဖြစ်သည်။
''အို.... ခိုးတယ်ဆိုခိုးတယ်ပေါ့ အခိုင်းအစေကအခိုင်းအစေလိုမနေဘူး သခင်ပစ္စည်းကိုသခင်မသိဘဲကိုင်ကတည်းက ခိုးဖို့ဘဲမဟုတ်လား''
''မဟုတ်ပါဘူး သခင်လေးရယ် ''
ကောင်မလေးမှာ မျက်ရည်များပါကျလာတော့၏။ဟုတ်ပါသည့်သူမအမှားပါ။သူမတို့သခင်လေးကသူ့ ပစ္စည်းတွေကိုကိုင်တာမကြိုက်မှန်းသိသိကြီးနဲ့ကိုကိုင်မိလိုက်တဲ့သူမအမှားပါလေ။သူမတို့သည် ဂျယ်မင်းရဲ့ ဝေယျာဝစ္စများကိုမနက်ခင်းတိုင်းလုပ်ပေးရတဲ့သူများဖြစ်သည်။အခုများတော့ဖြစ်....
''သားငယ်လေး ဘာလုပ်ချင်လည်း မားမားကိုပြော''
ဂျယ်မင်အမေ့မှာလည်းကောင်မလေးကိုတစ်ချက်ကြည့်ကာသူမသားငယ်ကိုမေးရတော့၏။သူမ သိ၏သူမရဲ့သားငယ်ဟာဒီတိုင်းတော့ထားမည်မဟုတ်။
YOU ARE READING
'' You're my Perfect ''
Short Storyစတွေ့တဲ့အချိန်တုန်းက တစ်စက်ကလေးမှကြည့်မရခဲ့ပေမဲ့လို့ အခုအချိန်မှာတော့ မင်းကိုကြည့်မဝတော့ဘူးအချစ်ရယ်... ♡ Jeno