အပိုင်း ၄၄ (ဇာတ်သိမ်းပိုင်း)

472 32 9
                                    


''ပြေး မသွားနဲ့လေဂျီ''

ကားရပ်လိုက်သည့်နှင့် နောက်ခန်းတံခါးကိုဖွင့်ကာပြေးဆင်းသွားသည် ဂျီကိုသူမှာလှမ်းတားပေမဲ့မမှီလိုက်ပေ။အရမ်းစိတ်ပူအောင်လုပ်တတ်သည် ကလေး။ဂျယ်မင်း ကားထဲကနေဆင်းလိုက်ပြီး ဝယ်လာသည်မုန့်အချို့ကိုယူကာအိမ်ထဲဝင်လိုက်၏။ထိုလူကတော့ ကားထဲမှာဖုန်းပြောရင်းကျန်ခဲ့လေသည်။ဘာကိစ္စလည်းမသိရပေမဲ့ သူကိုတော့မရှိစေချင်မှန်းသိသောကြောင့် ဂျယ်မင်းထွက်လာခဲ့တာဖြစ်၏။

အိမ်ထဲကိုရောက်တော့ ဆိုဖာတစ်ဖက်မှာဟယ်ချန်းကထိုင်နေသလို ဟယ်ချန်းရဲ့မျက်နှာချင်းဆိုင်မှာလည်းဂျီက ထိုင်၍ဟယ်ချန်းကိုမှေးထောက်ကာကြည့်နေပုံက လူကြီးလေးလိုပင်။ဟယ်ချန်း သူကိုကြည့်လာသည်မျက်ဝန်းအကြည့်တွေမှာမေးချင်နေသည်မေးခွန်းတွေက ပေါ်လွန်နေပေသည်။ဂျယ့်မင်းလက်ထဲကအထုတ်တွေကို ဖန်စားပွဲပေါ်တင်လိုက်ကာ ဂျီအနားမှာထိုင်လိုက်၏။နောက် ဂျီရဲ့အပေါ်ထပ်သိုးအနွေးထည်အထူကိုချွတ်ပေးလိုက်ပြီး နားအုပ်လေးပါချွတ်လိုက်သည်။

''ဒီကလေးက ဘယ်က ကလေးလည်း....မင်းတို့ဘေးအိမ်ကမိသားစုမှာလည်း ဒီလောက်အရွယ်ကလေးမရှိပါဘူး''

''အင်း...ဟုတ်တယ် တကယ်တော့ဂျီက ငါတို့မွေးစားထားတာ''

''ဟင်...မင်း...မင်းနဲ့ဂျဲနိုhyungက...ဒီကလေးကို''

ဟယ်ချန်းက သူဘေးနားမှာငြိမ်ငြိမ်လေးထိုင်နေသည့်ဂျီကို လက်ညိုးထိုးကာပြောတော့ ဂျီကမျက်ခုံးလေးတွေကိုကျုံ့ကာဟယ်ချန်းကိုပြန်ကြည့်၏။ဟယ်ချန်းက သိပ်မကြာသူကိုမျက်စောင်းတစ်ချက်ထိုး၍ စိတ်ဆိုးစွာပြောလာလေသည်။

''ငါကိုဘာလို့အသိမပေးတာလည်း......ငါလည်း ဒီလောက်ချစ်စရာကောင်းတဲ့ကလေးကို မြင်ဖူးချင်တာပေါ့''

''အခုလည်း မင်းမြင်နေရပြီလေ ဟယ်ချန်းရယ်''

''ထားပါ...အစကတော့ဝမ်းနည်းပြီးစိတ်ဆိုးချင်ပေမဲ့ ကလေးကချစ်စရာကောင်းနေတော့အလျော့ပေးလိုက်မယ်''

ဂျီက ဟယ်ချန်းတောင်ခေါ်စရာမလို...သူဘေးနားကနေဟယ်ချန်းဆီရောက်သွားလေ၏။ဟယ်ချန်းရင်ခွင်ထဲကို အတင်ူတိုးဝင်ကာဖက်ထားသောကြောင့် သူမှာအံ့သြရပေသည်။ဂျီက သူနဲ့ထိုလူနဲ့ကိုသာ တွယ်ကပ်သူလေးပင်။အခုဟယ်ချန်းကိုကျ ပြောစရာတောင်မလိုအောင်ခင်သွားပုံရ၏။အခုလည်း ဂျီကသူလက်သေး"လေးတွေနဲ့ ဟယ်ချန်းပါးကိုအုပ်ကိုင်ကာရယ်လေသည်။

'' You're my Perfect ''Where stories live. Discover now