အပိုင်း ၂၆

267 20 4
                                    


''ဂျဲနိုအားလားဟင် အမအပြင်သွားချင်လို့လိုက်ပို့ပေးနိုင်
မလား''

အနားသို့လာကာ အမyunaက အပြင်သွားရန်လိုက်ပို့ခိုင်းတာမို့ ဂျဲနိုလည်းအပန်းမကြီးသောကြောင့် လက်ခံလိုက်သည်။

''ရတယ် အမကျွန်တော်အားနေတာဆိုတော့ လိုက်ပို့ပေးပါမယ်''

''ခင်ဗျားမအားဘူး ကျွန်တော်အပြင်သွားမှာလိုက်ပို့ပေး''

ပန်းခြံလေးထဲမှာရှိနေတဲ့ ဂျယ်မင်းကဘယ်အချိန်ထဲကသူတို့နားရောက်လာမှန်းမသိချေ။ကျောင်းပိတ်ရက်လည်းဖြစ် ဟယ်ချန်းကလည်းမဆက်သွယ်သောကြောင့် ဂျယ်မင်းအပြင်မထွက်ဖြစ်ပေ။

''ကျွန်တော်ပြောနေတာမကြားဘူးလား''

''ငယ်လေးအခြားသူကိုခေါ်သွားလိုက်လေနော်....''

မမကပြောတော့ ဂျယ်မင်းစိတ်မချေသောမျက်လုံးတွေနဲ့ကြည့်လိုက်၏။ဘာလို့မမက ထိုလူကိုခေါ်ချင်နေရတာလဲ၊ဒီလောက်လူတွေအများကြီးရှိနေတာကို.....နောက်ပြီးထိုလူကသူတစ်ယောက်ထဲအတွက်သီးသန်bodyguardတစ်ယောက်။

''အို.....ခေါ်ချင်းခေါ်မမခေါ်ရမှာလေ၊သူကကျွန်တော့်လူ''

''ဂျယ်မင်းမင်းလည်းတကယ့် အပြင်သွားမှာဆိုအခြားလူကိုဘဲခေါ်သွားလိုက်၊ငါ အမyunaနဲ့လိုက်သွားလိုက်မယ်''

ဘာလို့ဒီလူက မမဘက်ကပါနေရတာလည်းဘာအတွက်ကြောင့်လည်း၊နှစ်ယောက်လုံးကသူကိုဒီနေရာမှာမရှိစေချင်တာလား၊နောက်ပြီး မမကရောဘာလို့သူကိုခခရရနဲ့တခြားလူကိုဘဲအတင်းခေါ်သွားစေချင်နေရတာလည်း.....

''တောက်စ်!!!''

ဂျယ်မင်းအရှေ့ကနှစ်ယောက်ကိုစိမ်းကားစွာကြည့်ပြီး ခြေကိုဆောင့်ကာထိုနေရာမှထွက်သွားလေသည်။သိပ်မကြာပါ အခြား bodyguardတစ်ယောက်နဲ့အပြင်သို့ထွက်သွားတဲ့ဂျယ်မင်းကိုကြည့်၍ အမဖြစ်သူyunaမှာသက်ပြင်းကို ခပ်ပေါ့ပေါ့ချမိ့သည်။

''စိတ်ထဲမထားပါနဲ့ အမyuna ဂျယ်မင်းကအရမ်းကလေးဆန်လွန်းနေတာ''

ဂျဲနိုစကားကြောင့် yunaခပ်ရေးရေးလေးပြုံးပြီးသာခေါင်းငြိမ့်လိုက်၏။

'' You're my Perfect ''Where stories live. Discover now