ဘုတ်!!!
ဂျယ်မင်းအတန်းထဲသို့ရောက်တာနဲ့ပါလာသောအိပ်ကိုခုံပေါ်သို့အသံထွက်အောင် ပစ်ချလိုက်သည်။ထိုအသံကြောင့် အတန်းထဲမှ အတန်းသားများအသံလာရာသို့တစ်ချက်လှမ်းကြည့်မိတော့ ဂျယ်မင်းရဲ့အလိုမချသောအကြည့်နှင့်အကြည့်ခံရတော့မှအကုန်လုံးတစ်ဖက်သို့အမြန်လှည့်လိုက်ကြတော့သည်။
ဂျယ်မင်းက သူတို့ထိသင့်တဲ့လူမဟုတ်သလို၊အကြည့်လေးနဲ့တောင်ကြာကြာကြည့်သင့်တဲ့လူမဟုတ်ပေ။ဂျယ်မင်းသာမကျေနပ်ရင် နောက်ရက်ထိုလူဒီကျောင်းကနေအထုတ်ခံရနိုင်သည်ပင်။ရုပ်ရည်ချောမောကာလှပသော ဂျယ်မင်းဟာ ချမ်းသာကြွယ်ဝသောမိသားစုကလိုပြောစရာမလိုလောက်အောင် မာနကြီးကာမောက်မာလှသည်။ဒါလည်းအချို့တွေလူဟာ ဂျယ်မင်းရဲ့သတိထားမိချင်းကိုခံရလိုသောကြောင့်၊နည်းအမျိုးမျိုးဖြင့်မကြောက်မလန့်ချင်းကပ်ကျသူများလည်းရှိကြ
သေးသည်ပင်။''အမယ်လေး.....လန့်လိုက်တာဂျယ်မင်းရယ်''
ထိုအသံကိုကြားတော့မှဖုန်းကိုသဲကြီးမဲကြီးကြည့်နေသော ဟယ်ချန်းမှာလန့်ဖြန့်ကာ ဂျယ်မင်းကိုကြည့်လိုက်မိသည်။ဂျယ်မင်းလုပ်မှ....သူလည်းမင်ဟျောင်းနဲ့ရည်းစားလေးတောင်မဖြစ်ရသေးဘဲ....နှလုံးရပ်ပြီးသေရတော့မယ်။
''ျီး...ဖြစ်လို့လား''
''ဟ...ဂျယ်မင်းငါကိုလာမဆဲနဲ့နော်''
ဟုတ်တယ်လေ၊သူဘာသူဘာဖြစ်လာလည်းမသိပေမဲ့၊သူကိုတော့ ဘလိုင်းကြီးမဆဲသင့်ပါဘူး၊အခုကဟယ်ချန်း ရာသီဥတုအခြေနေကောင်းနေသောအချိန်ပင်။
''မင်းကရော...ငါလာတာတောင်မသိရအောင်ဘာလုပ်နေတာလဲ''
ဂျယ်မင်း၊ဟယ်ချန်းဖုန်းကိုလှမ်းကြည့်ကာမေးလိုက်သည်။သူကြည့်လိုက်တော့ ဖုန်းကိုမှောက်ပစ်လိုက်တာ ဘာသဘောလဲဒီခွေးသားလေးက.....
''ဘာမှမဟုတ်ပါဘူးဂျယ်မင်းကလည်း....အယ်ခန မင်းနှုတ်ခမ်းကဘာဖြစ်တာလဲ ဂျယ်မင်း''
ဟယ်ချန်း၊ဂျယ်မင်းနှုတ်ခမ်းကိုကြည့်ကာမေးတော့ ရောင်ရမ်းကာလက်နဲ့နှုတ်ခမ်းကိုကာမိ့မလိုဖြစ်သွားရပေမဲ့၊အချိန်မီ...ကိုယ့်ချိန်ပြန်သပ်နိုင်လိုက်၏။ဒါဟို...လူယုတ်မာကြောင့်
YOU ARE READING
'' You're my Perfect ''
Short Storyစတွေ့တဲ့အချိန်တုန်းက တစ်စက်ကလေးမှကြည့်မရခဲ့ပေမဲ့လို့ အခုအချိန်မှာတော့ မင်းကိုကြည့်မဝတော့ဘူးအချစ်ရယ်... ♡ Jeno