အပိုင်း ၃၀

314 23 0
                                    


''မင်းသတိထားပြီး နေသင့်ပြီဂျဲနို''

''ဘာကိုလည်း''

johnnyမှာ သူအပြောကိုအရေးမစိုက်သလိုအေးဆေးစွာပြောလာတဲ့ဂျဲနိုကိုစိတ်ပျက်သလိုအချက်ကြည့်ကာ အရှေ့ကအရက်ခွက်ကိုမော့သောက်လိုက်သည်။သူတကယ် ဂျဲနိုကိုစိတ်ပူလို့ပြောနေရခြင်းသာ။Mr.Naဟာ ကောက်ကျစ်တဲ့မြေခွေးလိုလူစားမျိုးပင်။အပေါ်ယုံသာ ဂျဲနိုအပေါ်ကောင်းတယ်လို့ထင်ရပေမဲ့ နောက်ကွယ်ကနေဂျဲနိုအသက်အန္တရာယ်ကိုပြန်ခြိမ်းခြောက်နေတဲ့လူတစ်ယောက်သာ။ဂျဲနိုသည်လည်းသိသိလျှက်နဲ့ Mr.Naချပေးတဲ့ထောင်ချောက်ထဲကိုဝင်နေတာဖြစ်သည်။

''မင်းခန္ဒာကိုယ့်ကိုလည်း ပြန်ကြည့်အုံးဂျဲနို၊လူမသေသေးတာဘဲကံ​ကောင်းတယ်''

''အဟွန့်......အသက်ပြင်းလို့နေမှာပေါ့''

''ငါချင်းချင်းဘဲပြောချင်တယ်ဂျဲနို မင်းနဲ့ဂျယ်မင်းနဲ့ကိစ္စကို ဟိုလူကသတိထားမိနေပြီ၊မင်းအသက်ကိုမထိလိုက်သေးရင်တောင် မင်းရဲ့မိသားစုအတွက်တော့ မသေချာဘူး''

ဂျဲနို johnny hyungအပြောကိုခေါင်းသာငြိမ့်ပြလိုက်ပြီး မျက်နှာကိုလက်ဖဝါးနဲ့ခပ်ကြမ်းကြမ်းပွတ်သပ်ကာ လေပူတွေကိုမှုတ်ထုတ်လိုက်သည်။ဒါပေမဲ့လည်း သူရင်ထဲကသောကတွေဟာ ပိုလိုပင်လေးလံလာသလိုပင်။

''မင်းကသူတို့အတွက် ဘယ်လောက်ဘဲအသုံးလိုလို၊Mr.Naက သူသားအတွက်ဆိုမင်းအသက်ကသူအတွက်
မြေမှုန်တစ်မှုန်လောက်တောင်တန်ဖိုးရှိမှာမဟုတ်ဘူး၊ငါပြောတာကိုမင်းနားလည်မှာပါ''

''အင်း''

''ဂျယ်မင်းကမင်းကိုဘယ်လောက်ချစ်ချစ် သူအဖေကိုတော့သူလွန်ဆန်နိုင်မယ်ထင်လား''

ထိုစကားကိုတော့ ဂျဲနိုခွန်းတုန့်မပြန်နိုင်ပါ။သူအချစ်မိသားစုနဲ့ယှဥ်ရင်သူဟာ နောက်ကောက်ကျနေအုံးမှာပင်။နောက်ပြီး သူအတွက်ခွန်အားဖြစ်စေတာဆိုလို ဂျယ်မင်းလေးတစ်ယောက်သာရှိသည်။သူအချစ်ကိုတော့ Mr.Naကထိခိုက်အောင်မလုပ်နိုင်ပေမဲ့ သူကိုယ့်တိုင်အတွက်လည်းမသေချာပေ။

''ဒါပေမဲ့ ဂျယ်မင်းကခေါင်းမာတယ် ဂျဲနို၊အဲ့ကလေးက မိဘတွေကပိုးမွေးသလိုမွေးထားပေမဲ့ သူကခက်ထန်တယ်၊မင်းလိုလူသတ်တဲ့အဆင့်ထိမဟုတ်ပေမဲ့၊အဲ့ကလေးအတွက်က ဒီအရာတွေနဲ့လည်းမစိမ်းသက်ဘူး၊နောက်ပြီး ဂျယ်မင်းကငါကိုပြောပြဖူးတယ်၊သူမိဘတွေကိုတောင် သူချစ်တယ်လို့မပြောဘူးတဲ့လေ သူရဲ့လက်တွဲဖော်သူယုံကြည်ပြီးသူအားကိုးရတဲ့လူအတွက်ဘဲ သူရဲ့ချစ်တယ်ဆိုတဲ့စကားကိုသူကိုယ့်တိုင်တန်ဖိုးထားပြီးပြောမှာတဲ့လေ တကယ်ကလေးဆန်တယ် မင်းရဲ့လူက''

'' You're my Perfect ''Where stories live. Discover now