အပိုင်း ၃၈

181 14 3
                                    


''မင်းရောက်လာပြီဘဲ ဂျဲနို''

ဂျဲနိုထိုအခန်းတံခါးကိုဖွင့်လိုက်ကာ ဝင်လိုက်ပြီးသူကိုကျောပေးကာရပ်နေသောသူက စကားဆိုလာ၏။ထိုမီးရောင်မှိန်မှိန်အောက်က ကျောပြင်ကိုကြည့်ရုံနဲ့ ဒါဟာထိုမြေခွေးအိုဆိုတာဂျဲနိုသိပေသည်။နောက် ဂျဲနိုထိုလူအနားကိုမသွားဘဲ မီးတစ်လုံးထဲ၏အလင်းရောင်ဖြင့် အခန်းတစ်ခန်းလုံးလင်းဖို့ကို မစွမ်းသာသောကြောင့် ထိုနံရံတွေရဲ့ဘေးပတ်ပတ်လည်ဟာမည်းမှောင်နေ၏။ဂျဲနိုထိုမှောင်နေသည်နေရာတွေကို ​ခေါင်းစောင်းကာလိုက်ကြည့်မိကာ သူရှေ့ကစားပွဲနားမှာရပ်နေသည့်Mr.Naကိုပြောလိုက်သည်။

''အဟက်......ဒီအခန်းထဲကခင်ဗျားလူတွေကို တူတူပုန်းတမ်းမကစားခိုင်းပါနဲ့ Mr.Na''

ထိုလူက သူဘက်ကိုလှည့်ကာမျက်ခုံးတွေကိုတစ်ချက်ပင့်တင်၍ သူစကားကိုသဘောကျစွာရယ်ပေသည်။ဂျဲနို ထိုလူအိုကိုစိတ်မရှည်စွာ ကျစ်ကနည်းဆုတ်သတ်လိုက်ပြီးသူရဲ့suitအိကျီလက်ကြားထဲမှာရှိနေသေးသည် ဓားလေးကိုလျှင်မြန်စွာထုတ်လိုက်ကာ Mr.Naရဲ့နောက်တည်တည်ကိုပစ်လိုက်၏။သူရဲ့ပစ်ချက်ဟာ လွဲချော်မသွားကြောင်းသက်သေပြသွားသည်အော်သံတစ်ခု။

''အားးး!!!''

''အဟွန့်''

သူရဲ့ထိုသို့အပြုအမူကိုပြုလုပ်လိုက်မှ ထိုအမှောင်ထဲကလူတွေအကုန်ထွက်လာပေသည်။တစ်ယောက်ထက်မနည်းသည်လူတွေကို သူတစ်ယောက်ထဲအတွက်နဲ့ Mr.Naကလူအင်အားအကုန်ခံနေသည်ဘဲ။စောစောက ​သူပစ်လိုက်လို့သည့် ဓားလေးကထိုနောက်လိုက်ခိုင်းဘက်ကောင်တစ်ကောင်ရဲ့မျက်လုံးတည်တည်ကိုစိုက်မှန်သွားတာပင်။ထိုမျှလောက် လက်တည်သွားမယ်မှန်းတကယ်ကို ဂျဲနိုမခန့်မှန်းမိလိုက်။နာကျင်စွာ မျက်လုံးကိုအုပ်ကိုင်ကာအော်နေသူကောင်ရဲ့အသံက အခန်းအတွင်းကျယ်လောင်စွာပင်။

''မင်းကို ဒီအထဲကိုလက်နက်မယူခိုင်းထားဘူးဂျဲနို''

''Mr.Naသိတဲ့အတိုင်းဘဲ....ကျွန်တော်ကအမြဲကလိမ်ကကျစ်ကျတတ်တယ်ဆိုတာကို''

''တောက်!! မင်းရဲ့သေနေ့ကရောက်တော့မှာပါဂျဲနို''

ဂျဲနိုsuitအိကျီရဲ့အပေါ်ကုတ်ကိုချွတ်ပစ်ကာ ဘေးကိုလွှတ်ပစ်လိုက်ပြီး ရှပ်အိကျီလက်ကိုခေါက်တင်ကာပြောလိုက်သည်။

'' You're my Perfect ''Where stories live. Discover now