အပိုင်း ၂၂

281 22 0
                                    

(စာလုံးပေါင်း သည်းခံပါ🙏)

ဂျယ်မင်းကျောင်းရှေ့ကနေစောင့်နေသောဟန်ဖြင့် ရပ်နေလိုက်ပြီး ခနအကြာသူ့ရှေ့တည်တည်သို့ရပ်လိုက်သောကားဆီသို့တံခါးဖွင့်၍ဝင်လိုက်သည်။ဒီနေ့သူကျောင်းမတတ်ပေ။ဂျောင်းဆူနဲ့သွားတွေ့သောကြောင့် ဟယ်ချန်းကိုတောင်လိမ်ပြီးအတန်းပြေးထားပေမဲ့ ဂျဲနိုလာခေါ်မည်ကိုသိနေသောကြောင့်စောင့်နေခြင်းပေ။

ဂျယ်မင်းလည်းကားထဲဝင်ပြီးကတည်းက အလုပ်ရှုပ်နေသောပုံစံဖြင့် ဖုန်းကိုဖွင့်ကာဟိုမွှေဒီမွှေလျှောက်လုပ်နေမိ့သည်။ဘာအကြောင်းကြောင့်လည်း ဘာကြောင့်လည်းဆိုတာသူကိုယ့်တိုင်မသိ။မဟုတ်မှသူအတန်းမတတ်တာ ထိုလူသိသွားမှာကိုကြောက်နေလို့များလား။အားးး ငါကဘာလို့သူကိုကြောက်ရမှာလဲ.....ဟွန့်မဖြစ်နိုင်တာတွေအရမ်းတွေးတာဘဲနာဂျယ်မင်းရယ်.....

လေတုကအရမ်းတိတ်ဆိတ်နေတာမို့ ဂျယ်မင်းကဘဲသက်ပြင်းရှည်ကြီးချကာ စကားတစ်ခွန်းမှမဆိုဘဲကားကိုသာ​မောင်းနေသောသူဘက်ကြည့်လိုက်ချိန် မြင်လိုက်ရတဲ့ပုံစံကြောင့်လူကဘယ်လို့ဖြစ်သွားလည်းမသိ ပူထူသွားသလိုပင်။ဒါတောင် ဒီလူအေးဆေးကားမောင်းလာတာကို ဂျယ်မင်းမှာအံ့သြလို့မဆုံးနိုင်။

''ခင်ဗျား လက်မောင်းမှာသွေးတွေအရမ်းထွက်နေတယ်လေ၊ဘာဖြစ်လာပြန်ရတာလဲ''

''ဘာမှမဖြစ်ဘူး၊ထားလိုက်''

''ဘာ!!.... ဘာမှမဖြစ်တာလဲ၊အခုချက်ချင်းကားကိုတစ်နေရာမှာရပ်လိုက်''

''ဘာဖြစ်လို့ရပ်ရမှာလဲ''

''ခင်ဗျားရယ်....မရှည်စမ်းပါနဲ့၊ကျွန်တော်ရပ်ဆိုကားကိုလမ်းသင့်တဲ့နေရာမှာရပ်လိုက်''

ဂျဲနိုလည်းဘာမှပြန်မပြောချင်တော့တာမို့ ကားကိုလူချင်းတဲ့နေရာမှာရပ်ပေးလိုက်သည်။ထိုကောင်လေးဘာလုပ်မလဲဆိုတာသိချင်တာမို့ဂျဲနိုကြည့်နေရင်းပင် လွယ်အိပ်ထဲကနေဘာတွေရှာနေလည်းမသိ.....ခနနေတော့ခေါင်းထောင်လာပြီးစကားစလာ၏။

''ခင်ဗျားမျက်နှာမှာလည်း ဒဏ်ရာတွေရှိနေတာဆိုတော့၊ခနလောက်တော့ဒါလေးကပ်ထား''

'' You're my Perfect ''Where stories live. Discover now