အပိုင်း ၁၆

308 25 0
                                    


Markလမ်းလျှောက်ကာထွက်လာသောကြောင့် ဟယ်ချန်းရဲ့ကားနဲ့သာနှစ်ယောက်သားသွားမည့်နေရာသို့ထွက်လာလိုက်တော့သည်။သိုသော်.....လမ်းတစ်ဝက်အရောက်မှထိုအနှီးလူသားလေးက နေကြာခင်းဖက်ကိုသွားချင်တယ်လို့ပြောလာသောကြောင့် Markမှာလမ်းကြောင်းပြောင်း၍မောင်းရပြန်သည်။ရွှေစိတ်တော်လေးညှိုးသွားမည်ကို......Markမလိုလားအပ်ပေ။

ဟယ်ချန်းမှာကားမှန်ချထားသောဖက်သို့မျက်နှာမူ၍.....ပြောရမည်စကားများကိုစဥ်စစ်နေရသေးသည်။သို့သော်.....အချီးနှီးသာဒီဦးနှောက်ကတစ်ညလုံးစဥ်းစားထားတာတောင်တစ်လုံးမှထွက်ကျမလာပေ။

''ချန်း ဘာဖြစ်လို့လည်းနေရာတာအဆင်ပြေရဲ့လား''

''ဘာမှမဖြစ်ပါဘူး ရောက်တော့မယ်နော်''

ချန်းကမြင်နေရပြီဖြစ်တဲ့နေကြာခင်းကြီးကိုပြောလိုက်ပေမဲ့ Markကတော့ပျော်ရွှင်သွားသောဟယ်ချန်းမျက်နှာလေးကိုကြည့်ကာ သူပါပြုံးလိုက်မိ၏။

ကျွိီး....

''ဆင်းကျရအောင် ချန်း''

''အွန်း''

ကားပေါ်မှဆင်း၍ နေကြာခင်းဖက်သို့ရောက်တော့လည်းနှစ်ယောက်သားဘယ်သူမှစကားမစဖြစ်သေးပေ။အနေအထားမှာနှစ်ယောက်သား နေကြာခင်းဖက်သို့မျက်နှာမူကာထား ထားတဲ့ခုံတန်းလေးမှာထိုင်နေကြတာဖြစ်သည်။Markလည်းခြောက်ကပ်ကပ်အနေထားကြီးကို အသက်သွင်းရန်စကားစဖို့ရှိသေး.......

''ကျွန်တော်Markကိုသဘောကျတယ် ကျွန်တော်နဲ့တွဲကျရအောင်''

နောက်ဆုံးတော့လည်း ချစ်သူငယ်ချင်းလေးဂျယ်မင်းပြောလိုက်တဲ့စကားကိုသာ ဟယ်ချန်းပြောလိုက်မိ့တော့သည်။

Markထိုစကားကိုကြားတော့ စက္ကန့်ပိုင်းလောက်ပြောစရာစကားများပျောက်ချသွားရသည်။အခုချန်းက ငါ....ငါကိုရည်းစားစကားပြောနေတာလား....ချန်းကလေ

''Markက ကျွန်တော်ကိုသဘောမကျလို့လားပြော ''

''အဲ့လိုမဟုတ်ပါဘူး.....ချန်း''

''တာဆိုပြောလေ....ဘာလိုဘာမှမပြောဘဲနေနေရတာလဲ''

ဪသူမှာလည်း ခက်ရချည့်ရဲ့.....ရင်ခုန်ချိန်လေးတောင်မပေးပါလားချန်းရယ်။အ​ဖြေပြန်မပေးရင်လည်း လူကိုသတ်တော့ဖြတ်တော့မလိုပင်။

'' You're my Perfect ''Where stories live. Discover now