အပိုင်း ၄၂

250 20 1
                                    


''ဟယ်ချန်း အခန်းထဲဖွသွားပြန်ပြီ.....ပြောပြန်ရင်လည်း ကောင်စုတ်လေးက မကြိုက်ဘူး''

ဂျယ်မင်းပါးစပ်ကလည်းပြောကာ မနေ့ကဟယ်ချန်းမုန့်တွေစားကာဒီအတိုင်းထားပစ်ခဲ့သည်အမှိုက်တွေကိုသိမ်းစည်း၍ပြောနေချင်းသာ။စားပွဲပေါ်ကအမှိုက်တွေသိမ်းပြီးတော့ ပြတင်းပေါက်လိုက်ကာလေးတွေကိုအနည်းငယ်ဖွင့်လိုက်၏။မနေ့ညက သူရေချိုးပြီးခနမှေးနေရန်စဥ်းစားပြီးလှဲလိုက်တာ ဒီမနက်6နာရီလောက်မှနိုးလာသည်။ထိုကြောင့် ပြင်ဆင်စရာရှိတာပြင်ဆင်ကာဆေးရုံကိုအမြန်ထွက်လာလိုက်တာပင်။ဟယ်ချန်းက အိမ်ပြန်အိပ်ချင်သေးတယ်ဆိုပြီး Mark hyungကို ဂျီကျကာပြန်လိုက်သွလေသည်။အခုတော့ သူတစ်ယောက်တည်းသာ။

''ဟင်းးးး.....နည်းနည်းလေးတောင် သတိမထားမိဘူးလားအချစ်''

စာအုပ်စင်လေးကနေ ထိုလူကိုဖတ်ပြရန်စာအုပ်ရွေးနေစဥ်ကြားလိုက်ရသည်အသံကြောင့် ခန္ဓာကိုယ့်တစ်ခုလုံးရပ်တန့်သွား၏။အိပ်မက်မဖြစ်ပါစေနဲ့.....ဘာလို့ဆိုသူအခုလိုအိပ်မက်တွေကိုမကြာခနမက်ဖူးနေလို့ပင်။ဂျယ်မင်း တုန်ရင်လာသည်လက်လေးကို တင်းနေအောင်ဆုတ်ထားလိုက်ပြီးထိုလူရှိရာဘက်ကိုလှည့်ကြည့်လိုက်သည်။

''လာပါအုံး ကိုယ့်ဆီကို''

တကယ်ကို ကုတင်ပေါ်မှာလှဲနေသည်ထိုလူက သူကိုကြည့်ကာခေါ်လိုက်ချင်းပင်။ချက်ချင်းပင် ဂျယ်မင်းမျက်ဝန်းအိမ်လေးထဲမှာ မျက်ရည်ကြည်လေးတွေစုဝေးလာကာ သူရှေ့ကမြင်ကွင်းကိုကောင်းကောင်းမမြင်ရတော့။ထိုကြောင့် မျက်ဝန်းတွေကိုမှိတ်ချပစ်ကာ တုန်ရင်နေသည်အသံဖြင့်မေးမိ၏။

''ဟင့်.....ဒါ....ဒါအိပ်မက်လား''

''အိပ်မက်မဟုတ်ဘူးလာဆိုတာ သိချင်ရင်အချစ်ကိုယ့်ဆီကိုလာလေ''

ဂျယ်မင်းပါးပေါ်က မျက်ရည်တွေကိုသုတ်လိုက်ပြီးထိုလူဆီသွားလိုက်၏။ထိုလူက ဖြေးညင်းစွာထထိုင်၍သူကိုလွမ်းစွတ်စွာကြည့်လာသည်။ဂျယ်မင်းထိုလူအနားကိုရောက်တော့ ဘာမှဆက်မလုပ်မိ။ထိုလူလက်တစ်ဖက်က သူရဲ့မျက်ဝန်းတွေကိုအနည်းငယ်ဖုံးအုပ်နေသည် ဆံနွယ်တွေကိုသပ်တင်ပေးကာမေးလာ၏။

'' You're my Perfect ''Where stories live. Discover now