အပိုင်း ၂၁

291 23 0
                                    

ဂျယ်မင်းအိမ်ထဲကထွက်ထွက်ချင်းကားbodyကိုမှီကာရပ်နေသောသူဟာ လက်ကြားထဲမှာစီးကရက်တိုကိုညှပ်ကာခြိုပ်ဖွာနေပုံက နေရောင်ဖြော့ဖြော့အောက်မှာတောင်သိပ်ကိုခန့်ညားနေပုံက ဂျယ်မင်းမငြင်းနိုင်တဲ့အရာတစ်ခုပင်။

''ခင်ဗျားကအချိုးကိုမပြေဘူး''

''ဘာလို့ဘဲ''

''ကျွန်တော်မသိဘူးများထင်နေလား ဟိုနားကအိမ်စေကောင်မလေးတွေကြည့်နေလို့ တမင်လုပ်ပြနေတာမလား....ဟမ်''

ဂျယ်မင်း ဂျဲနိုနားကိုလာကာသူတို့ကိုရပ်ကြည့်နေတဲ့အိမ်စေ့ကောင်မလေးများဘက်သို့လှမ်းကြည့်၍ပြောလိုက်သည်။ဒါတောင်ဒီလူကသူမဟုတ်သလိုဗြောင်ငြင်းချင်သေးပုံပင်။ဒီလောက်တောင်သိသာနေတာကိုများ။

''ကိုယ့်မသိဘူး....သူတို့ကြည့်နေတာကိုလည်းစိတ်မဝင်စားဘူး၊ကိုယ့်စိတ်ဝင်စားတာမင်းတစ်ယောက်ထဲဆိုတာဘဲ''

''အို.....ဘာတွေလာ​ပြောနေတာလဲ၊အရှက်မရှိ''

''အရှက်မရှိဘူးဆိုတာဘယ်လိုလဲဆိုတာပြရမလား''

ထိုသို့ပြော၍ ဂျယ်မင်းမျက်နှာနားတိုးသို့တိုးကပ်လာပြီး....

ပြွတ်!!

ဂျယ်မင်းနှုတ်ခမ်းကိုမထိတထိနဲ့အသံထွက်အောင်နမ်းလိုက်တာကြောင့် ဂျယ်မင်းခနတာကြောင်သွားပေမဲ့ကိုယ့်နဲ့နီးကပ်နေတဲ့ထိုသူ့ကိုယ့်ကိုတွန်းလိုက်တော့သည်။သူမရှက်ပေမဲ့ ကိုယ့်ရှက်ပါသည်။ဂျယ်မင်းပုံစံကြောင့် ဂျဲနိုသိပ်မပြီပြင်သောအပြုံးလေးမျက်နှာမှာဖြစ်ပေါ်သွားသည်။

''တော်ပြီ....တော်ပြီခင်းဗျားကအသားယူလွန်းတယ်၊နောက်တခါဒီလိုထပ်လုပ်လို့ကတော့ ကျွန်တော်အဆိုးမဆိုနဲ့''

ဂျဲနိုကိုမကြည့်ဘဲထိုစကားကိုပြောပြီး ကားပေါ်သို့အမြန်တက်၍ တံခါးကိုလည်း'ဂျိမ်း'ကလည်းမြည်အောင်ပိတ်လိုက်သည်။ဂျယ်မင်းခုန်မြည်နေတဲ့နှလုံးသားကိုလည်းမသိသလိုနေလိုက်သည်။ထိုလူအပြုမူတိုင်းက ဂျယ်မင်းစိတ်ကိုထိန်းချုပ်နေသလိုခံစားရသည်။

ကားထဲဝင်သွားပြီဖြစ်တဲ့အနှီးလူသားလေးကြောင့် ဂျဲနိုမောင်းသူနေရာသို့ဝင်ထိုင်ကာ အိမ်တော်ထဲမှမောင်းထွက်လိုက်တော့သည်။အိမ်တော်ထဲကထွက်သွားပြီဖြစ်တဲ့ ကားကိုကြည့်ကာအစေခံကောင်မလေးများမှာ တစ်ယောက်တစ်ပေါက်ပြောနေကြတော့သည်။

'' You're my Perfect ''Where stories live. Discover now