အပိုင်း ၂၅

299 27 1
                                    


ဂျယ်မင်းတို့ရှေ့ တည်တည်သို့လာရပ်သောသူကြောင့်နှစ်ယောက်လုံးမော့ကြည့်မိလိုက်ချိန် တွေ့လိုက်ရတဲ့မျက်နှာကြောင့် ဟယ်ချန်းကမလိုလားသောမျက်လုံးများနဲ့ကြည့်ပြီး
တောက်စ်ကိုခပ်ပြင်းပြင်းခေါက်လိုက်၏။

''တောက်!!! ထဂျယ်မင်းငါတို့သွားကြမယ်''

ဟယ်ချန်းက စားပွဲခုံလေးကိုလက်နဲ့ဘုန်းကနည်းရိုက်ကာ ဂျယ်မင်းလက်ကိုပါဆွဲပြီးထလိုက်သည်။ဂျယ်မင်းသည်လည်းဘာမှမပြော ဟယ်ချန်းဆွဲတဲ့အတိုင်းသာထလိုက်၏။သူအရစ်မရှည်ချင်ပါပေ။

''ခန....ခနလောက်ဘဲဖြစ်ဖြစ် ကိုယ့်နဲ့စကားပြောကြရအောင် ဟယ်ချန်း''

ဂျောင်းဆူ ထွက်သွားဖို့ပြင်နေတဲ့ဟယ်ချန်းလက်ကိုအမြန်ဆွဲပြီးပြောလိုက်ပေမဲ့ သူလက်တွေကိုရွှံရှာသလိုအကြည့်နဲ့ဟယ်ချန်းက ခါထုတ်လိုက်သည်။ထိုလုပ်ရပ်ကြောင့် ဂျောင်းဆူမျက်နှာပျတ်သွားပေမဲ့.....မျက်နှာကိုခနအတွင်းပြန်ပြင်လိုက်သည်။

''ဒီနေရာမှာတင် ​ေ-ာက်ရှက်မကွဲချင်ရင်အခုငါရှေ့ကထွက်သွားလိုက် ဂျောင်းဆူ''

ဘေးဝတ်ဝန်းကျင်ကိုမျက်လုံးလေးဝေ့ပြကာ ပြောလာသောချစ်နေရသူလေးကြောင့် ဂျောင်းဆူငိုင်ငိုင်ကြီးသာရပ်နေမိ၏။ဒါပေမဲ့ သူလည်းဟယ်ချန်းကို လက်လှမ်းနိုင်သလောက်တော့လှမ်းထားချင်မိသေးသည်။

''ဟယ်ချန်းမင်း ဂျောင်းဆူနဲ့စကားပြောကြည့်သင့်တယ်ထင်တယ်''

ဂျယ်မင်းရဲ့နှစ်ကိုယ့်ကြားခပ်ကြိတ်ကြိတ်အပြောကြောင့် ဟယ်ချန်းရဲ့အကြည့်စူးစူးတွေက ဂျယ်မင်းဆီသို့ဒိုင်းကနည်း။

''ငါကိုအဲ့လိုလာမကြည့်နဲ့လို့......မင်းသူနဲ့ပြောစရာရှိတာအပြတ်ပြောလိုက်တာကောင်းမယ်ထင်တယ်''

ဂျယ်မင်းရဲ့အကြံပေးမှုကြောင့် ဟယ်ချန်းလက်ခံသလိုခေါင်းကိုငြိမ့်ပြလိုက်တော့မှ ဂျယ်မင်းလည်းရင်ထဲခုနေတဲ့အလုံးကြီးကျသွားလေသည်။

''ဟူးးးး ကောင်းပြီမင်းနဲ့ငါစကားပြောကြတာပေါ့''

ဟယ်ချန်းစကားကြောင့် ဂျောင်းဆူမျက်နှာဟာချက်ချင်းကိုအားတက်သွားသလိုပင်။ဘေးနားမှာရပ်နေတဲ့ ဂျယ်မင်းကိုတောင်သူမျက်လုံးထဲမမြင်ပေ။

'' You're my Perfect ''Where stories live. Discover now