Korea နဲ့ New York ရဲ့ အချိန်ကွာခြားချက်ကနေ့နဲ့ညဆိုပေမဲ့ Steve နဲ့ Kai မှာတော့ အိပ်မပျော်တာမျိုးမဖြစ်ဘဲ ဘာမှမသိအောင်ကိုအိပ်ပျော်သွားခဲ့သည် ၊
မနက်စောစောစီးစီးကြားလိုက်ရတဲ့ တံခါးခေါက်သံကြောင့် ဘေးနားကနာရီကိုကြည့်မိတော့ ၉နာရီသာရှိသေးသည် ၊ မထချင်ပေမဲ့ hyungကိုကြောက်ရတာမလို့ မနည်းရုန်းကန်ကာ အဆက်မပြတ်ထုနေတဲ့တံခါးဆီကိုပြေးရတော့သည်
" ဘာဖြစ်လို့လဲ hyung "
မပွင့်သေးတဲ့မျက်လုံးတွေကိုလက်ဖြင့်ပွတ်ကာတော်တော်ကြိုးစားလိုက်ရသည် ၊ hyung ကတော့ ဘာစကားမှမပြောဘဲ မျက်မှောင်တွေကြုံလျက်သာ..
" ဘာဖြစ်လို့လဲဟင် "
" ဘယ်ချိန်ရှိနေပြီလဲ "
" ၉နာရီပါ hyung "
" ဟိုကောင်ကရော "
နောက်ကိုလှည့်ကာ Steve ကိုကြည့်မိတော့ အိပ်နေတာများသေနေတဲ့အတိုင်း တစ်ချက်မှမလှုပ် ..
" ၁၅မိနစ်အတွင်းနှစ်ယောက်လုံးအောက်ကိုဆင်းခဲ့ "
ပြောပြီးထွက်သွားတဲ့ hyungကိုခေါင်းသာငြိမ့်ပြလိုက်ရသည်..ပြန်မှမပြောရဲတာ
ဇွတ်ဆွဲခေါ်လာရတဲ့Steveက ထမင်းစား စားပွဲကိုရောက်တဲ့အထိမျက်လုံးမဖွင့်နိုင် ၊ မနက်၉နာရီဆိုတာ သူ့အတွက်တော့ တကယ်စောလွန်းတဲ့အချိန်ဘဲ... လက်နှစ်ဖက်ဖြင့် မျက်လုံးကိုအကြမ်းမတမ်းပွတ်ကာ အိပ်ချင်စိတ်ကိုဖြေဖျောက်ရသည်
" ရှေ့ကကောင် မျက်လုံးကိုအဲ့လောက်ထိမပွတ်ရဘူးဆိုတာ မသိဘူးလား "
ပိုင်စိုးပိုင်းနင်း Steve လက်တွေကို မလောက်လေးမလောက်စားကဆွဲဖယ်ပစ်သည် ၊ ဒီလူတော်တော်အတင့်ရဲတာဘဲ...သူ့ခွင့်ပြုချက်မပါဘဲ လူကိုခဏခဏလာထိနေတာ
ထိုနှစ်ယောက်ကြားမှာ Kaiကတော့ ကြောင်တောင်တောင်သာ hyung လုပ်ပေးတဲ့ မနက်စာကိုစားနေသည်
" Kai များများစား "
" ဟုတ်ကဲ့ "
သူလုပ်ပေးတာကို သေချာစားနေတဲ့ Kai ကြောင့် မျက်နှာမှာအပြုံးလေးတွေတောင်ပေါ်လာသည် ၊ ဒီကလေးက ငယ်ငယ်ကတည်းက သူ့လက်ပေါ်မှာကြီးလာခဲ့တာ... အသက်အရွယ်အရခြောက်နှစ်ကွာပေမဲ့ ညီအကိုလိုအပြင်သူငယ်ချင်းလိုပါတိုင်ပင်လို့ရသေးသည် ၊ ဒါပေမဲ့ သူ့အပြုံးက ကြာကြာမခံလိုက်...ပန်းကန်ထဲကအရွက်တွေအကုန်ဖယ်နေတဲ့ ရှေ့ကကောင်ကြောင့် မျက်ခုံးတွေမှာသိသိသာသာကိုတွန့်ချိုးကုန်သည် ၊