YeonJun အိမ်ကိုပြန်ရောက်တော့ ဧည့်ခန်းထဲမှာ Kai နဲ့ ဟိုဆံဖြူကောင်ကို တွေ့လိုက်ရသည် ၊ နှုတ်မဆက်ဘဲ အပေါ်တက်ရန်သွားလိုက်ပေမဲ့ Kaiရဲ့ အော်သံကနားထဲကိုစူးကနဲ...
ဘေးမှာထိုင်နေတဲ့ Steveတောင်တုန်သွားရသည် ၊ Kaiက မိဘအိမ်ကအိမ်ကပြန်လာပြီးကတည်းက တရှူးရှူးတရှဲရှဲဖြင့် ခုန်စွခုန်စွလုပ်ကာဒေါသတွေထွက်နေသည် ၊ Kai ဒေါသထွက်နေတဲ့ပုံမှာသူမြင်ဖူးနေကြပုံမဟုတ်ဘဲ ကလေးပေါက်စလိုဖြစ်နေတာကြောင့်ရယ်ချင်ပေမဲ့မရယ်ရဲ ၊ ဘာဖြစ်တာလဲမေးတော့လဲပြန်မဖြေ..
" huyng!!!! "
" ဖြည်းဖြည်းခေါ်ပါကွာ "
အပေါ်မတက်တော့ဘဲ ဧည့်ခန်းထဲကိုလျှောက်လာလျက် Kaiတို့နဲ့မျက်နှာချင်ဆိုင်မှာဝင်ထိုင်လိုက်သည်..
" တကယ်ဘဲလား "
" ဘာကိုလဲ "
" hyung အိမ်မပြန်တာ ၄လလောက်ရှိပြီဆိုတာ "
" အင်း "
ထိုနှစ်ယောက်ကြားမှာ Steve ကတော့ဘာမှမသိတာမလို့ ဖုန်းကိုသာထုတ်ကြည့်လိုက်သည် ၊ မလောက်လေးမလောက်စားရဲ့ မျက်နှာအနည်းငယ်ပျက်သွားပြီး သက်ပြင်းချသံရဲ့ရဲ့လေးကိုလဲကြားဖြစ်အောင်ကြားလိုက်သေးသည်...
" ကျွန်တော့်ကိုဘာလို့မပြောတာလဲ မဂ်လာပွဲကမပျက်သွားဘူးဆိုရင် hyung က ကျွန်တော့်ကိုအသိမပေးဘဲ လက်ထပ်သွားမယ်ပေါ့ "
မလောက်လေးမလောက်စားက မဂ်လာပွဲတောင်ပျက်ခဲ့တာလား ၊ စပ်စုတာကSteveရဲ့ပုံစံမဟုတ်ပေမဲ့ သူသိချင်သည် ၊ ဖုန်းကိုင်ထားပေမဲ့ စိတ်မဝင်စားတော့ဘူး ထိုစကားဝိုင်းကိုသာ မသိမသာနားစွင့်လျက်...
" အစကတည်းက hyung လက်မခံခဲ့တာမလို့ မင်းကိုအသိမပေးခဲ့တာပါ "
" hyung မိဘတွေအရမ်းစိတ်ဆိုးနေမယ်ထင်တယ် မဟုတ်မှ သားအဖြစ်ကနေစွန့်လွှတ်... "
" စိတ်ဆိုးနေပေမဲ့ သားအဖြစ်ကနေတော့မစွန့်လွှတ်သေးပါဘူး "
မသိမသာမော့ကြည့်မိတော့ မလောက်လေးမလောက်စားရဲ့ နှုတ်ခမ်းတွေမှာရှေ့ကိုထော်ထွက်နေသည် ၊ သူ့ထပ်အငယ်ဆီကနေဆူခံနေရတာမလို့မကျေမနပ်ဖြစ်နေတဲ့ပုံ...ဒီလိုကြတော့လဲ ချစ်..ချစ် စရာ ကောင်းသလိုလိုပါဘဲ