Steve မလောက်လေးမလောက်စားဆီမသွားတာ ၅ရက်ပင်ရှိပြီ ၊ မျက်နှာလေးကိုမြင်ချင်ပေမဲ့ အလွဲတွေကြည့်လုပ်မိနေတာမလို့ ရှက်တာအပြင် သူ့အပေါ်စိတ်ပျက်သွားမှာလဲ ကြောက်ရသည် ၊ ဒီနေ့တော့မနေနိုင်တော့ပါ အရင်နေ့တွေကအဖိုးဆီကိုဖုန်းဆက်ပြီး အဖွားကိုဘယ်လိုလိုက်ခဲ့ရကြောင်းတွေကို သေချာမေးခဲ့ပေမဲ့ ယောက်ျားလေးနဲ့မိန်းကလေးမတူတာကြောင့် အဆင်ပြေမဲ့ပုံမပေါ် ၊ ထို့ကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ကြိုးစားရမည်
မရည်ရွယ်ဘဲ Kai နဲ့ မလောက်လေးမလောက်စားဖုန်းပြောနေတာကိုကြားခဲ့သည် ၊ တကယ်မရည်ရွယ်ဘဲ ကြားခဲ့တာပါ Steve ခိုးနားထောင်ခဲ့တာလုံးဝမဟုတ်ပါဘူး ...
" Steve ဒီနေ့ ငါနဲ့အပြင်သွားရအောင် "
" မအားဘူး "
ဖြူဝါဝါဆံပင်တွေကို သ ရင်း သူ့ကိုတစ်ချက်မှလှည့်မကြည့်ဘဲ မှန်ကိုသာကြည့်လျက်...ဒီကောင်က စေတနာထားပေးလို့မရဘူးဘဲ
" နောင်တရမယ်နော် Steve ငါအခုအလှလေးနဲ့သွားတွေ့မှာ "
" စိတ်မဝင်စားဘူး ငါသွားစရာရှိတယ် "
" ဘယ်သွားမှာလဲ "
သူသွားမဲ့နေရာကိုသာ Kai သိရင်လိုက်ဖျက်တော့မှာ သေချာသည် ၊ ဒီလိုတော့အဖြစ်မခံနိုင်ပါ..
" ငါ့ဘာသာ ဘယ်သွားသွားပေါ့ "
" မှတ်ထား Steve "
စိတ်ဆိုးကာ အခန်းတံခါးကိုဆောင့်ပိတ်ပြီးထွက်သွားသည် ၊ သေချာပေါက် အခန်းအပြင်မှာလဲ သူ့ကိုဆဲဆိုနေအုံးမှာဘဲ
မလောက်လေးမလောက်စားအိမ်ရဲ့ မလှမ်းမကမ်းမှာ ကားကိုရပ်လျက် ထိုလူကိုစောင့်နေရသည် ၊ ကြားခဲ့တဲ့သတင်းအရ ဒီနေ့ဆေးခန်းပိတ်တာမလို့ mallတစ်ခုကိုသွားပြီး အိမ်အတွက်လိုအပ်တာတွေဝယ်ကာ ရုပ်ရှင်ပါကြည့်မည်တဲ့ ၊ ဘယ်ကိုသွားမယ်မှန်းမသေချာတာကြောင့် ခုလိုအိမ်ရှေ့မှာခိုးကြောင်ခိုးဝှက်လာစောင့်နေရခြင်း ၊ တွေးကြည့်ရင် Steveအဖြစ်က တော်တော်ဆိုးပြီး ထိန်းလာခဲ့သမျှ image ပါကျသည် ၊
ခဏအကြာမှာ မလောက်လေးမလောက်စားရဲ့ကားကထွက်လာပြီး Steve မှာခပ်လှမ်းလှမ်းကလိုက်လာသည် ၊ သူမှန်းသိသွားရင် ရှက်စရာကောင်းတယ်မလား
ဟိုကိုရောက်မှမတော်တဆတွေ့သလိုမျိုးဟန်ဆောင်ကာ သနားလို့အဖော်လုပ်ပေးသလိုမျိုးနှင့်ကပ်မည် ၊ ချစ်ပေမဲ့လဲ Steve Choi ဆိုတဲ့နာမည်ကိုတော့ထိန်းရအုံးမှာပေါ့...