_ မထင်ထားဘဲ ဒီအပိုင်းလေးက warning part လေးဖြစ်သွားတယ်ပေါ့နော်...စာဖတ်သူအနေနဲ့ ဒီလိုတွေအဆင်မပြေဘူးဆိုရင် ခုကတည်းကကျော်လိုက်လို့ရအောင်ပါ ၊ ဖတ်ပြီးတဲ့အထိ အဆင်မပြေရင်တော့ ဖျက်ပေးပါ့မယ်နော်.......
ကျောင်းတွေဖွင့်တော့မှာဖြစ်တာကြောင့် ပြန်ရန်ကတစ်ပတ်ပင်မလိုတော့..တဖြည်းဖြည်းနဲ့ Choi YeonJun နဲ့ခွဲရမဲ့ရက်တွေကပိုနီးလာပြီဘဲ ၊ မယုံကြည်တာမျိုးမဟုတ်ပေမဲ့ ချစ်လွန်းလို့ဆုံးရှုံးရမှာကြောက်တာ သူတကယ် Choi YeonJun ကိုစိတ်မချတာ ၊
" အဲ့မျက်နှာကြီးကိုပြင်စမ်းပါ ကျက်သရေမရှိလိုက်တာ "
" အေးလေ မင်လိုကောင်က ဘာခံစားတတ်မှာလဲ "
" တစ်သက်လုံးမတွေ့ရတော့မဲ့ လူတွေမှမဟုတ်တာ hyung ကလဲအားရင် မင်းဆီလိုက်လာမှာပေါ့ "
အားရင် Choi YeonJun က သူ့ဆီလိုက်လာမယ်တဲ့ ၊ Steve ဒီကိုစရောက်ကတည်းက Choi YeonJun အားတယ်ဆိုတာမမြင်ဖူး...ဆေးခန်းကိုလဲ တစ်ပတ်မှတစ်ရက်လောက်ပိတ်ပြီး ထိုပိတ်ရက်တွေကလဲမအားတာသာများသည် ၊ အဲ့လိုလူက သူ့ဆီကိုလိုက်လာဖို့ဆိုတအဝေးကြီးမှဟိုးးးအဝေးကြီး...
" Lily ကိုမြင်ရင် hyung ကိုမေ့သွားမှာများ "
တမင်ခနဲ့လိုက်မိသည် ၊ ရန်ဖြစ်စရာလူမရှိရင် Steve Choi ကိုဘဲ မီးရှို့ချင်နေတာ...ထင်ထားတာနဲ့လွဲမှားစွာ Steve ဆီက ဘာသံမှထွက်မလာ ၊ တိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းဆိုရင် Steve က...
" Steve Choi မင်းတကယ်.. "
" ငါ့အကြောင်းကို အသိဆုံးဆိုလို့ မင်းဘဲရှိတာ Kai...ဒါတောင် ငါ့ကိုမယုံဘူးလား ၊ ငါ့အချစ်ကို ပေါ့ပြက်ပြက်တွေးနေတာတွေရပ်သင့်ပြီ "
တည်တည်ငြိမ်ငြိမ်ဆိုလာတာကြောင့် Kai စကားမှားသွားချေပြီ
" ငါပြောတာက... "
" ငါ Lily ကိုသဘောကျခဲ့တယ် ကျောင်းတက်နေတဲ့တစ်လျှောက်လုံး ရည်းစားတွေအများကြီးထားခဲ့ပေမဲ့ Lily ကိုဘဲသဘောကျခဲ့တာ ၊ Choi YeonJun အပေါ်မှာ ငါ့စိတ်တွေပြောင်းလဲနေပြီဆိုတာကိုသတိထားမိတဲ့အချိန်က ငါ့အတွက်အခက်ခဲဆုံးဘဲ ၊ လိင်တူချစ်တာကို မကန့်ကွက်ပေမဲ့ ကိုယ်တိုင်ကြုံလိုက်ရတဲ့အချိန်မှာ အများကြီးလန့်သွားတာ ၊ အဲ့အချိန်မှာ ငါLily အကြောင်းတွေဆက်တိုက်ခေါင်းထဲထည့်ထားပေမဲ့ နောက်ဆုံးမှာ ငါ့ကိုယ်ငါလက်ခံလိုက်ရတာဘဲ... gay ဆိုတဲ့ဖြစ်တည်မှုက ငါ့အတွက်မလွယ်ကူပေမဲ့ Choi YeonJun ကို မချစ်ဖို့ကြိုးစားရတာက ပိုခက်ခဲတယ် ... အဲ့ဒါကြောင့် ငါပြောချင်တာက ဒီကိစ္စတွေကို လွယ်လွယ်ကူကူဆုံးဖြတ်ပြီး စိတ်ကစားနေတာမဟုတ်လို့ နောက်ဆို Choi YeonJun ပေါ်ထားတဲ့ငါ့အချစ်တွေကို သံသယမဝင်ပါနဲ့ "