ဒီနေ့နဲ့ဆို Choi SooBin ကိုမမြင်ရတာ လေး ငါးရက် ပင်ရှိတော့မည် ၊ အဲ့အစား နေ့တ်ိုင်း နှင်းဆီပန်းတွေကသာ
သူ့ကိုဆီးကြိုလျက်...ခြံရှေ့ ၊ ကားပေါ် ဒါမှမဟုတ် ဆေးခန်း အမြဲတမ်းတစ်နေရာမဟုတ် တစ်နေရာမှာ ၊ နေ့တိုင်း နှင်းဆီပန်းတွေဆိုပေမဲ့ တစ်နေ့နဲ့တစ်နေ့တော့အပွင့်အရေအတွက်ခြင်းမတူ ၊ပထမဆုံးနေ့မှာနှင်းဆီ 3ပွင့်အပြင်love letterတစ်စောင်...
' ခင်ဗျားအတွက်နှင်းဆီပန်းတွေကို မောင်ပို့လိုက်တာ မပြောပြချင်ပေမဲ့ ဘယ်သူများလဲဆိုပြီးတွေးနေမှာကိုမလိုချင်ဘူး နှင်းဆီပန်းတွေခင်ဗျားရှေ့ရောက်လာတိုင်း မောင့်ကိုတန်းသတိရပေးရမယ် ...ပြီးတော့ ဒီပန်းတွေကို မပစ်လိုက်နဲ့နော် အရေအတွက်ပြည့်တဲ့နေ့ကြ မောင် ခင်ဗျားဆီကိုယ်တိုင်လာမယ် '
" တကယ်ကို Choi SooBin က အရူးထနေတာဘဲ "
အခန်းထောင့်က စားပွဲဝိုင်းအဖြူလေးထက်တွင် ဖန်ပုလင်းကြည်ကြည်လေးဖြင့် နှင်းဆီတို့ကို ထိုးထားလိုက်မိသည်
ဒုတိယနေ့မှာ နှင်းဆီ 5ပွင့်သာ...
တတိယနေ့တွင်တော့ ပထမနေ့ကဲ့သို့ နှင်းဆီ 3ပွင့်ရောက်လာပေမဲ့ စာတစ်စောင်တောင်မတွေ့ရ...
လေးရက်မြောက်နေမှာတော့ ခါတိုင်းနဲ့မတူစွာ နှင်းဆီ6ပွင့် ၊ ဒီကြားထဲမှာ Choi SooBin က သူ့ဆီကိုဖုန်းလေးတစ်ချက်တောင်မဆက်ခဲ့ဘူး ၊
ခုဆို စားပွဲဝိုင်းထက်က ဖန်ပုလင်းကြည်ကြည်လေးထဲတွင် နှင်းဆီ 17 ပွင့် ၊ နေ့လယ်ပင်ရောက်နေပြီ သူ့ဆီကိုပို့နေကြ နှင်းဆီတွေ ခုထိရောက်မလာသေးပါ....အရေအတွက်ပြည့်သွားလို့များလား ဒါဆို သူ SooBin နဲ့တွေ့ရတော့မည်ပေါ့...
စိတ်ရှုပ်တယ်ဆိုပြီးမောင်းထုတ်နေပေမဲ့ သူ့အနားမှာရှိစေချင်တာကိုသူသာအသိဆုံး ၊ စကားမပြောဘဲလစ်လျူရှုထားရတာ မသိချင်ယောင်ဆောင်ထားရတာတွေကလဲ YeonJunအတွက် လွယ်ကူလွန်းလို့မှမဟုတ်ဘဲ ၊ ဆယ်ကျော်သက်လေးမဟုတ်ဘဲ မငယ်တော့တဲ့ဒီအရွယ်မှာ သူကအချစ်ရူးလေးမဖြစ်ချင်တာ...ဆယ်ကျော်သက်ဘဝတစ်ခုလုံးဒီကောင်လေးကြောင့်နဲ့ဘဲ ကုန်ဆုံးခဲ့ရပါတယ်လို့အော်ဟစ်ပြီးကာမှ သူ့ကိုလှောင်ရယ်နေရင်ဘယ်လိုလုပ်မလဲ ၊ သူ့အချစ်တွေကိုပြက်ရယ်ပြုလိုက်ရင်ဘယ်လိုလုပ်မလဲ..အဲ့လိုသာဆို YeonJun သေချာပေါက်ရူးသွားရချည်ရဲ့ ၊