အချိန်တွေကြာလာတာနဲ့အမျှ သူ့ဘက်ကချွဲယောန်ဂျွန်းနဲ့အဆင်ပြေနိုင်အောင်ကြိုးစားပေမဲ့ သူထင်တာမမှားရင် ထိုလူက Steveကိုရှောင်နေသလိုခံစားရသည် ၊
သူကလဲအဲ့မလောက်လေးမလောက်စားနဲ့အဆင်ပြေချင်လွန်းနေတာတော့မဟုတ် ထိုမလောက်လေးမလောက်စားနဲ့အတူတူရှိနေရင် ရင်တွေခုန်ကာ နေရခက်တာမလို့ဝေးလေကောင်းလေ ၊ ဒါပေမဲ့ အကြာကြီးနေမှာမဟုတ်ဘဲ ခဏသာအပစ်ပေးခံရတဲ့အနေနဲ့လာခဲ့ရတာကြောင့် တိုက်ခန်းသက်သက်လဲဝယ်ကာ ပိုက်ဆံတွေမဖြုန်းချင်တာမလို့ အိမ်ရှင်ကြည်ဖြူအောင်သူ့ဘက်ကကြိုးစားတဲ့သဘောပါ ၊ ဒီစကားကို အဖိုးသားကြားရင်သွေးတွေခေါင်းအထိဆောင့်တက်လိမ့်မည်..Steve Choi က မိဘတွေကြည်အောင်တောင်နေတဲ့ကောင်မဟုတ်ဘူးဆိုတာ အဖိုးကသေချာသိသည်တစ်ခါတလေ သူက ချွဲယောန်ဂျွန်းကိုများကြိုက်နေတာလားလို့တွေးမိပေမဲ့ မဖြစ်နိုင်ဘူးဆိုတာကလဲသေချာနေပြန်သည် ၊ Steveက အဖြောင့်..ဘယ်ကောင်လေးကမှသူ့ကိုကွေးအောင်မလုပ်နိုင်ဘူး ၊ ရင်သားကြီးကြီး တင်ပါးကြီးကြီးနဲ့မိန်းကလေးတွေတောင် သူ့ကိုရင်ခုန်အောင်မနည်းကြိုးစားနေကြရတာ ဒီလိုဘာမှမရှိဘဲ ပြားချပ်ချပ်လူကိုသူကရင်ခုန်စရာဘာအကြောင်းမှရှိမနေပါဘူး...
အိမ်ရှေ့ကကြားလိုက်ရတဲ့ကားသံကြောင့်ဧည့်ခန်းမှာထိုင်နေတဲ့Kaiကပြေးထွက်သွားသည် ၊ နာရီကိုကြည့်လိုက်တော့ ညနေ၄နာရီသာ ၊ ဒီအချိန်က မလောက်လေးမလောက်စားပြန်လာတတ်တဲ့အချိန်မဟုတ်ပေမဲ့ ကားသံကတော့ထိုလူ့ကားသံပင် ၊ သေချာမှတ်ထားတာမဟုတ်ပေမဲ့ Steveက ဉာဏ်ကောင်းတာကြောင့် မှတ်မိနေတာ
အိမ်ထဲကနေပင် Kaiရဲ့ ကလူကျီစယ်သံအသံကြီးကိုကြားနေရသည် ၊ အသံတွေအရတော့ အိမ်ကိုကလေးလေးတစ်ယောက်ပါလာတာဖြစ်လိမ့်မည်ဟုတွေးကာ အိမ်ရှေ့ကိုထွက်ကြည့်မိမှ ခွေးတစ်ကောင်သာ ၊ တော်သေးတာပေါ့..Steveက ကလေးတွေနဲ့ဓာတ်မတည့်ဘူး သူကခွေးလေးတွေကိုဘဲချစ်တာ
Kai လက်ထဲကအမွှေးဖြူဖြူပွပွနဲ့ခွေးသေးသေးလေးက တကယ်ချစ်စရာကောင်းတာမလို့ ကြည့်ရင်းနှင့်ပင်အသဲယားလာရသည် ၊ မလောက်လေးမလောက်စားကလဲ ထိုခွေးလေးကိုကြည့်ကာ မျက်နှာလေးကပြုံးလျက် ၊ မဟုတ်မှ ဒီခွေးလေးကိုသူဝယ်လာတာများလား