အပြင်မှာမှောင်နေပြီဖြစ်သော်လည်း Choi SooBin မှာ အိမ်ကိုမပြန်ဘဲ သူ့အခန်းထဲထိရောက်နေသည် ၊ ဘယ်လိုပြောပြောမပြန်တာကြောင့် ဆက်ပြီးအမောမခံနိုင် လွှတ်ထားလိုက်ရုံသာ...
" Choi YeonJun ခင်ဗျား အဲ့လိုမညစ်နဲ့လေ "
ဘာမှပြန်မပြောဘဲ မျက်စောင်းတစ်ချက်သာထိုးလိုက်သည် ၊ နေ့လယ်ကတည်းက ငိုသွားတဲ့ဟာလေးကိုနှုတ်ခမ်းတွေပေါက်တဲ့အထိ စတေးကာချော့ပြီးပြီလေ ၊ ဒါကို Choi SooBin က ချစ်တယ်မပြောလို့ဆိုကာ ထပ်ရစ်နေပြန်သေးတာ ၊
" ခင်ဗျားနော် လူကြီးဖြစ်ပြီး "
" ငါ့နှုတ်ခမ်းတွေကိုလဲ ကြည့်ပါအုံး Choi SooBinရယ် ချစ်တယ် တစ်ခါပြောတိုင်း မင်းကိုက်ပစ်တာ ရစရာမရှိတော့ဘူး "
" ဒါတော့ အူယားတာကို "
လက်ထဲက ဆံပင်သုတ်နေတဲ့တဘက်ဖြင့် မျက်နှာကို လှမ်းပစ်တော့ ချက်ချင်းကောက်နမ်းသည်
" Choi SooBin အပြင်မှာအရမ်းမှောင်နေပြီ ပြန်တော့ "
" ဘာလဲ မောင့်ကိုစိတ်ပူလို့လား "
ခေါင်းငြိမ့်ပြလျက် SooBin ထိုင်နေတဲ့ ကုတင်နားကိုသွားကာ အိမ်ပြန်ဖို့ထပ်ပြောရသည် ၊ မိုးချုပ်နေပြီမလို့ သူစိတ်ပူပါတယ်
" ပြန်တော့နော် အိမ်ရောက်ရင်လဲ ဖုန်းဆက်တာဖြစ်ဖြစ် message ပို့တာဖြစ်ဖြစ်လုပ်လိုက် "
" ဖုန်းဆက်မှာ ခင်ဗျားအသံကိုကြားချင်သေးတယ် "
ကုတင်ကိုမှီကာ ခြေဆင်းထိုင်နေရာမှ ထပြီး ခါးကိုလာဖက်ထားသည် ၊ မတ်တပ်ရပ်ထားတာမလို့ SooBin ခေါင်းက YeonJun ဗိုက်နားမှာသာ...
အကျင့်မကောင်းတဲ့ကောင်က အက်ျီပေါ်ကနေတစ်ဆင့် သူ့ဗိုက်ကို ကိုက်ပစ်သည်
" အ့.. ဘာလို့လာကိုက်တာလဲ "
" ချစ်လို့ အူယားလို့ ခင်ဗျားတစ်ကိုယ်လုံးကို ကိုက်ပစ်ချင်နေတယ် "
ခါးပေါ်ကလက်တွေကိုမလွှတ်ဘဲ မော့ကြည့်နေတဲ့ မျက်လုံးလေးတွေက ကလေးလေးတွေလို ၊ ကြည်လင်နေတဲ့မျက်ဝန်းတွေထဲမှာ ကြယ်တွေ ဂလက်ဆီတွေကိုတွေ့နေရသည်