နေ့လယ်စာစားချိန်ဟာ အရင်လိုမဟုတ်ခဲ့ ၊ သူတို့သုံးယောက်ကြားမှာငြိမ်သက်လွန်းနေသည်...Kai ကလဲ သူ့ဘာသာ သာငုံ့စားနေသလို Steve ကတော့ရှေ့ကအစားအစာတွေကိုထိုးဖွနေသည်...ခဏအကြာမှ Kai ဆီကအသံကြောင့် အားလုံးအသက်ဝင်လာသလိုလှုပ်လှုပ်ရှားရှားဖြစ်သွားရသည်
" Steve နဲ့ Lilly ဒီနေ့ နေ့လယ်အတန်းကိုငါမတက်တော့ဘူး "
" ဘာလို့လဲ "
" hyung နဲ့ တွေ့ဖို့ပြောထားတယ် "
Steve မျက်နှာမှာ ချက်ချင်းရှုံ့မဲ့သွားရ၏..Lilly ကတော့သူတို့ပြောတာကို နားလည်ပုံမရဘဲ မျက်လုံးလေးကလယ်ကလယ်ဖြင့်သာ...hyungဆိုတဲ့အခေါ်အဝေါ်ကိုမရင်းနှီးနေတာဖြစ်သည်
" ငါရောလိုက်မှာ "
" နေခဲ့စမ်းပါ "
" ဘာကိစ္စနေခဲ့ရမှာလဲ မင်းအခုတွေ့မဲ့သူက ငါ့honey "
" မင်းကြောင့် hyung နဲ့ ငါသေချာမတွေ့ရသေးဘူး ဒီနေ့တော့ နေခဲ့လိုက်... မဟုတ်လဲ ကျောင်းဆင်းတာနဲ့ အိမ်မပြန်ဘဲ hyungဆီသွားမှာဘဲမလား "
မကျေနပ်ပေမဲ့ လက်ခံလိုက်ရတော့သည် ၊ ဟုတ်တော့လဲဟုတ်တာဘဲလေ ၊ Kaiမှာ သူ့ကြောင့်အစ်ကိုဖြစ်သူကိုသေချာတောင်မတွေ့ရတာ...
" ပြီးတာဘဲ "
" ဒါဆို သွားပြီ "
Kai ထွက်သွားတာနဲ့ သူတို့ဝိုင်းမှာ ပြန်လည်တိတ်ဆိတ်သွား၏ ၊
" တကယ်ဘဲ Steve ထဲကစားရတာလောက်ဘယ်ဟာမှမကောင်းဘူး "
Steve ပန်းကန်ထဲမှ ခေါက်ဆွဲကိုယူစားသလို ဘေးက sodaကိုပါ ယူသောက်သွားသူက Lilly ၊ ဒီအပြုအမူတွေကို အရင်ကဘာမှမဖြစ်ခဲ့ပေမဲ့ ခုချိန်မှာတော့မကြိုက်တော့ပါ...အထူးသဖြင့် Choi YeonJunရှေ့မှာ ၊ Choi YeonJun နဲ့ Lillyက သူ့ကြောင့် ခဏခဏတွေ့ဖြစ်နေသည်...သွားစရာရှိတိုင်း Choi YeonJunကို အပါခေါ်တတ်တဲ့သူ့အကျင့်ကြောင့်ဖြစ်၏...ထိုအချိန်တွေတိုင်း Lilly ဟာအရင်ပုံစံပျောက်ကာ Steve နဲ့ရင်းနှီးကြောင်းပိုပြတတ်သည်... ဒါကို Steve နောက်ပိုင်းမှာသတိထားမိလာတာ ၊
" Lilly "
" အင်း "
" နည်းနည်းဆင်ခြင်ပေးပါ "