" မင်းအလှည့်ကရော ဘယ်တော့လဲ "
YeonJun ပြုံးရုံသာပြုံးပြလိုက်သည် ၊ ဒီကောင်ကမသိတာလဲမဟုတ်ဘဲ သက်သက်ကိုလာမေးနေတာ...
" ငါတကယ် စဥ်းစားလို့မရတာပါ မင်းကတကယ်ဘဲ အဲ့ဒီ၄နှစ်ကလေးပြောတဲ့စကားကိုအတည်ကြီးယူနေတာလား "
သက်ပြင်းတစ်ချက်ကိုချကာ ရှေ့ကဝိုင်ခွက်ကိုမော့သောက်လိုက်သည် ၊ သတို့သားနဲ့သတို့သမီးကတော့ တစ်နေကုန်ပင်ပန်းထားတဲ့အပြင် dinnerပါ ဆက်လုပ်နေရတာကြောင့် မဂ်လာဦးဖို့အားတောင်ရှိပါ့မလားကိုတွေးကာ အသံထွက်သည်အထိတောင်ရယ်မိသွားသည်...
" Choi YeonJun.. "
" သိပြီးသားဘဲကို ဘာလို့ထပ်မေးနေတာလဲ "
" မင်းကိုနှမြောလို့ပေါ့ကွ..ဘယ်မှာမှန်းတောင်မသိတဲ့လူတစ်ယောက်ကို မသေချာဘဲစောင့်နေတာလေ ၊ ကျောင်းမှာကတည်းက အဲ့ကလေးကိုအကြောင်းပြပြီးလာကြိုက်တဲ့သူတွေကိုငြင်းခဲ့တာ မင်းရဲ့ဆယ်ကျော်သက်ဘဝက အဲ့ဒီဘာမဟုတ်တဲ့ကလေးတစ်ယောက်ကြောင့် ငြီးငွေ့စရာကြီးနဲ့ပြီးဆုံးသွားတာ အဲ့တာတွေကိုရော တွေးမိရဲ့လား "
MinHo က သူ့အတွက် အားမလိုအားမရတွေဖြစ်နေတာသိပေမဲ့ သူ့ကလေးကိုအဲ့လိုတွေပြောတာတော့မကြိုက်ပါ ၊ သူ့ရဲ့ပျင်းစရာကောင်းတဲ့ငယ်ဘဝက အဲ့ကလေးလေးကြောင့် ပျော်ရွှင်ခဲ့ရတာကိုတော့သူတို့မသိကြဘဲ ၊
ဘယ်မှာမှန်းမသိတဲ့လူတစ်ယောက်ကိုမသေချာဘဲစောင့်နေရအောင်အထိတော့ သူကရူးမနေ ၊ တစ်နှစ်ပြီးတစ်နှစ်အဲ့ကလေးရဲ့ကြီးပြင်းလာပုံကိုသူကစောင့်ကြည့်နေခဲ့တာ...နောက်ကွယ်ကနေကြည့်နေခဲ့တာမဟုတ်ဘဲ ရှေ့ကိုခဏခဏထွက်ပြခဲ့ပေမဲ့ သူ့ကိုမှတ်မိမနေတာကတော့ ဝမ်းနည်းစရာ ၊
" သူကိုရီးယားမှာပါ "
" ဘယ်လို "
" သူကိုရီးယားမှာရှိတယ်...ဒါပေမဲ့ငါ့ကိုမမှတ်မိဘူး "
" သူကမင်းကိုမမှတ်မိဘူးလား "
" အင်း "
ရှေ့မှာရှိတဲ့ဝိုင်ခွက်ထပ်ပြီးမော့ချလိုက်သည် ၊ သောက်နေကြမဟုတ်တာကြောင့် ၃ခွက်လောက်နဲ့တင် ကမ္ဘာကြီးကလည်ချင်နေပြီ..