" Steve ဒီနေ့တော့အပြင်မသွားဘဲ အိမ်မှာနေပြီးOllieကိုကြည့်ထား "
" မရဘူး..ငါမအားဘူး "
" ဟေ့ကောင်...Ollieကိုမင်းခေါ်လာတာလေ အဖေတာဝန်ကျေအောင်နေစမ်းပါ "
" ခါတိုင်းလဲမင်းဘဲထိန်းပေးနေကြကို "
" မရဘူး ငါဒီနေ့အရေးတကြီးသွားစရာရှိတယ် "
Ollieကိုဝယ်လာကတည်းက Kaiကဘဲထိန်းပေးခဲ့ရတာမလို့ Ollieက သူ့ကိုတောင်သိပ်မကပ်ပါ ၊
ကျောင်းတွေဖွင့်ခါနီးလေ ပြန်ရန်အချိန်ကပ်လာလေမလို့ အချိန်တွေကိုChoi YeonJun ဆီမှာသာဖြုန်းချင်သည် ၊ နေ့တိုင်း Choi YeonJunမျက်နှာကိုမြင်ပြီး ခပ်စွာစွာအသံကိုကြားချင်ပေမဲ့ အဖျက်တွေကစဝင်လာပြီ
Kaiကိုကြည့်ရတာလဲ တကယ်အရေးကြီးတဲ့ပုံမလို့ဒီနေ့ Steveကဘဲလျှော့ကာ သူ့ကိုဦးစားပေးရမည် ၊
" Steve "
" ဟုတ်ပြီကွာ..သွား သွား "
စိတ်ပျက်စွာ ဆံပင်တွေကိုထိုးဖွလျက် sofaပေါ်ကိုပစ်လှဲချလိုက်သည် ၊ ဘယ်အချိန်ကတည်းကပြင်ထားမှန်းမသိတဲ့ Kaiကတော့ ချက်ချင်းဘဲကားသော့ကိုယူကာ လေချွန်လျက်ပင်...
ဒီနေ့ဆေးခန်းပိတ်သည်ဆိုတာကြောင့် hyungရဲ့အိမ်ကိုရောက်လာသည် ၊ အရေးတကြီးသွားစရာရှိတယ်ဆိုတာ Steve Choiကိုအမြင်ကတ်လို့လိမ်ခဲ့တာ ၊ တကယ်က hyungနဲ့လာတွေ့ခြင်းပင်..ကျောင်းတွေဖွင့်တော့မဲ့အပြင် hyungနဲ့လဲမတွေ့ဖြစ်တာကြာတာရောကြောင့်သာ ၊
" hyung ဒီနေ့ဘာလို့ဆေးခန်းပိတ်ထားတာလဲ "
အသီးပန်းကန်ကိုကိုင်လျက် သူ့ဆီလျှောက်လာတဲ့hyungကိုမေးလိုက်ခြင်း ၊ ပုံမှန်ဆို hyungက တနဂ်နွေနေ့တစ်ရက်တည်းပိတ်တာကို..
" ဒီတိုင်းနားချင်လို့လေ "
" နေကောင်းပါတယ်နော် "
" ဒီတိုင်းနားချင်ရုံပါဘဲ မင်းhyung ကအကောင်းကြီး "
သေချာကြည့်မှhyungရဲ့မျက်လုံးတွေကဂနာမငြိမ်စွာ တစ်ခုခုကိုရှာနေသလို တံခါးဆီသို့အကြည့်တွေကခဏခဏရောက်သွားသည် ၊
" Steve မပါဘူး ကျွန်တော်တစ်ယောက်တည်း "
" ဘယ်..ဘယ်သူကမေးနေလို့လဲ "