Part (1)

140 6 0
                                    

မ‌ဥ္ဇရီမြို့၏ မနက်ခင်းအစောပိုင်းအချိန်။

နေ့အလင်းရောင်ကို ကောင်းစွာ မမြင်ရသေးသော်လည်း အလုပ်သွား၊ကျောင်းသွားသူများသည် လူသွားလမ်း ပလက်ဖောင်းပေါ်မှာ တစ်ယောက်စ နှစ်ယောက်စ ဖြတ်သန်းသွားလာနေကြပြီဖြစ်သည်။

မြူများ ဆိုင်းနေသော လမ်းတစ်လျှောက်ဝယ် ရှေ့မနီးမဝေးက လာတဲ့သူကိုတောင် သဲသဲကွဲကွဲ မမြင်နိုင်။

‌ပလက်ဖောင်းပေါ်တွင် ဖုန်းကို တစိုက်မတ်မတ်ကြည့်ရင်း လမ်းသွားနေသည့် ကျောင်းသူတစ်ဦးရဲ့ ပခုံးကို  လူတစ်ယောက်က ဝင်တိုက်မိသည်။

'ခွပ်'

ဖုန်းက ကွန်ကရစ် ပလက်ဖောင်းပေါ်ကို ပြုတ်ကျသွားသည်။

ကျောင်းသူက လက်ထဲကနေ လွတ်ကျသွားတဲ့ ဖုန်းကို အလျှင်အမြန်ကောက်ယူပြီး စစ်ဆေးကြည့်လိုက်တယ်။
ဝင်တိုက်သွားတဲ့ အရှိန်ကမပြင်းပေမယ့် မာကြောတဲ့ ကွန်ကရစ်ပေါ်  ပြုတ်ကျသွားတာကြောင့် ဖုန်းမှန်ကတော့ ကွဲသွားပြီ။

ဖုန်းကြည့်ပြီး လမ်းလျှောက်နေတာမို့ သူ့ အမှားလည်း မကင်းပေမယ့် လူကို ဝင်တိုက်သွားပြီး ဒီလို ထွက်သွားတာတော့ မဖြစ်သင့်။

တရားခံက ဝေးဝေးမရောက်သေးဘူး။

ကျောင်းသူက နောက်ပြန်လှည့်ကာ ဒယိမ်းဒယိုင်ခြေလှမ်းနဲ့ လမ်းသွားနေတဲ့ လူရဲ့ ပခုံးကို လှမ်းပုတ်လိုက်သည်။

"ဒီမှာ ! ဦးလေး ဝင်တိုက်လို့ ကျမ ဖုန်း ကွဲသွားပြီ "

အသက်လေးဆယ်ဝန်းကျင် အရွယ်ရှိလောက်ပြီဖြစ်သည့် ထိုလူက သူမဘက်ကို တဖြည်းဖြည်းလှည့်ပြီး ကြည့်လာသည်။

ကျောင်းသူသည် တစ်ခုခုပြောဖို့ ပါးစပ်ပြင်လိုက်ပေမယ့် ထိုလူ့ထံမှ မနှစ်မြို့စဖွယ် အကြည့်ကြောင့် ဘာစကားမှ ထွက်မလာတော့ပေ။

သူ့ ရှေ့ကလူရဲ့ မျက်လုံးတွေက သူမကို ကြည့်နေပေမယ့် ခံစားချက်အရတော့ သူမကို မြင်နေတာ မဟုတ်ဘူး။

ပြီးတော့ စကားစုတစ်စုကို ပြောနေသည်။

ထိုလူကြီး ဘာပြောနေလဲဆိုတာ သိဖို့ အတော်လေး ဂရုတစိုက်နားထောင်လိုက်ရသည်။

VEILS OF MINZARIWhere stories live. Discover now