Part (30)

1 0 0
                                    

"မြေအောက် ကားလမ်းထဲမှာတင်ပျောက်သွားရအောင် အဲ့ ကားက မြေလျှိုးမိုးပျံသွားလို့လားကွ....ဟမ် "

အထက်အရာရှိရဲ့ ကြိမ်းမောင်းခြင်းခံနေရသည့် ရဲဝန်ထမ်းများမှာ မျက်နှာအပျက်ပျက်ဖြင့် ခေါင်းငုံ့ထားကြသည်။

"ကျနော်တို့ တစ်မြို့လုံးက လမ်းတွေရဲ့ စောင့်ကြည့်ကင်မရာမှတ်တမ်းတွေကို စစ်ဆေးကြည့်ခိုင်းထားပါတယ် ဒီနား တစ်ဝိုက်က ကင်မရာတွေမှာတော့ ကားကို လုံးဝ ရှာမတွေ့ပါဘူး "

"ဒါပေမယ့် တရားဝင် ဝရမ်းထုတ်ပြီး သတင်းမှာလည်း ကြေညာထားပြီးပြီးဆိုတော့ အနှေးနဲ့ အမြန်ရှာတွေ့မှာပါ"

ရဲအရာရှိများသည် ခွန်းယံကို မတွေ့မချင်း တစ်ညလုံး အလုပ်ဆင်းရမည့် အရေးကို တွေးမိပြီး သက်ပြင်းချလိုက်ကြ၏။

ကစဥ့်ကလျားဖြစ်စဥ်တို့ စတင်ရာမှာ ညဦးပိုင်းသတင်း ကြေညာချက်ပင်ဖြစ်၏။

မဉ်ဇရီမွို့ရှိ Laurel စိတ်ကျန်းမာရေး ဆေးရုံမီးလောင်မှုသတင်းသည် အင်တာနက် စာမျက်နှာပေါ်တွင် ပျံ့နှံ့နေစဥ် သတင်းဌာနများစွာမှလည်း ထိုမီးလောင်မှု၏ ဇစ်မြစ်ကို သိရရန် အပြိုင်အဆိုင် ကြိုးပမ်း စုံစမ်းကြတော့သည်။

"ဆေးရုံက လူနာတွေကို ရွေ့ပြောင်းဖို့နဲ့ မီးငြိမ်းသတ်ဖို့ အရေးပေါ်အကူအညီတွေ လိုအပ်လျက်ရှိပါတယ်"

"ရဲတပ်ဖွဲ့ဝင်တွေရဲ့ စုံးစမ်းမှုအရ မီးက ရှို့မီးဖြစ်ပြီး လူနာတွေ ထိခိုက်သေဆုံးမှု မြင့်မားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်"

"မီးကို မထိန်းချုပ်နိုင်သေးတာမို့ ဆေးရုံအနီးဝန်းကျင်က အိမ်ရာမှာ နေထိုင်သူတွေလည်း ကြိုတင် ရှောင်ရှားဖို့ လိုအပ်နေတဲ့ အခြေအနေပါ"

အရေးပေါ်အခြေအနေကြောင့် မီဒီယာတိုင်းမှာ မီးလောင်မှု သတင်းတွေချည်းသာ ကြီးစိုးနေတော့သည်။

ထိုအထဲတွင်မှ မဉ်ဇရီမွို့ ရဲဌာနကနေ လူအများအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေနိုင်သည့် သတင်းတစ်ပုဒ်ကို ကြေငြာလာခဲ့သည်။

"စုံစမ်းတွေ့ရှိချက်တွေအရ ဒီဆေးရုံရဲ့ ပြင်ပလူနာဌာနကိုလာခဲ့တဲ့သူတွေထဲမှာ သံသယရှိသူတစ်ဦးရှိနေပြီး ထိုလူနဲ့ပတ်သတ်၍ အသေးစိတ်ထပ်မံစစ်ဆေးရမယ်လို့ သိရပါတယ်"

VEILS OF MINZARIDonde viven las historias. Descúbrelo ahora