Part (23)

3 0 0
                                    

Mora တက္ကသိုလ် ဂိတ်ဝမှ ဆေးရုံကားနဲ့ ရဲကားများ တန်းစီ၍ ဝင်လာကြသည်။

အရေးပေါ်အချက်ပေးသံတွေက အေးချမ်းနေသည့် ကျောင်းတွင်း အခြေအနေကို ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။
သင်ခန်းစာပို့ချနေဆဲ အချိန်ဖြစ်တာကြောင့် ကျောင်းသားအများစုသည်လည်း ကျောင်းဝင်းတွင်းမှာ ရှိနေသေးသည်။

အချိန်တို အတွင်းမှာပင် ထိတတ်လန့်ဖွယ်သတင်းက လူတိုင်းဆီသို့ပျံ့နှံ့သွားသည်။

"ကန်ထဲမှာ အလောင်း တစ်လောင်း ပေါ်လာလို့တဲ့ "

"ငါတို့ ကျောင်းကကန်လား?သေတဲ့လူက ဘယ်သူလဲ ငါတို့ ကျောင်းသားထဲကပဲလား "

"မသိဘူး အလောင်းက ပုံပျက်နေလို့ အတိအကျ မပြောနိုင်သေးဘူး အသတ်ခံရတာလို့တော့ ပြောနေကြတာပဲ "

ကန်စပ်တွင် ကြိုးတားကာ ရဲဝန်ထမ်းများက လုံခြုံရေးအပြည့်ယူထား၏။
အလောင်းကိုမူ လူနာတင်ယာဥ်ဖြင့်သယ်ဆောင်သွားကြလေပြီ။

ဖြစ်စဥ် အစအဆုံးကို မလှမ်းမကမ်းမှ ရပ်ကြည့်နေသည့် လူအုပ်ထဲတွင် ခွန်းယံနှင့် ထိုက်ဟုန်စစ်ပါပါ၏။

ခွန်းယံသည် နောက်ဆုံးနားကသာ လှမ်းကြည့်နေသည်။ ဆိုးရွားသည့် အရာတစ်ခုခုအား မြင်လိုက်မိရင် သူမသိလိုက်ခင် သူ့ကိုယ်က သူ့စိတ်၏ထိန်းချုပ်မှုမှ လွတ်ထားသွားမည်ကို စိုးရိမ်တာကြောင့်ပင်။

အမှန်ဆို ကန်ထဲက အရာက လူသေကောင်မှန်း သိပြီးကတည်းက ခွန်းယံက လှည့်ပြန်ချင်နေပြီဖြစ်သည်။

သို့သော် ထိုက်ဟုန်စစ်က စိတ်ဝင်တစားရှိနေတာကြောင့် အောင့်အီးသည်းခံကာ ဆက်နေနေရခြင်းပင်။
သူစီးလာသည့် စက်ဘီးကို ထိုက်ဟုန်စစ်က တွန်းပေးမလိုလိုနဲ့ လက်ထဲက မလွှတ်တမ်းကိုင်ထားသည်လေ။
စက်ဘီးမပါဘဲ အဆောင်ကို ခြေလျင်လျှောက်ပြန်ဖို့က နည်းတဲ့ခရီးမှ မဟုတ်တာ...

"ထိုက်ဟုန်စစ်...
မင်း ဆက်ကြည့်မယ်ဆိုနေခဲ့လိုက်တော့
စက်ဘီး ငါ့ကိုပြန်ပေး အရင်ပြန်နှင့်တော့မယ် "

မအီမသာရုပ်နဲ့ ပြောလာတဲ့ ခွန်းယံကြောင့် ထိုက်ဟုန်စစ် ကန်ထဲက အလောင်းနဲ့ ပတ်သတ်ပြီး သိလိုစိတ်ကို ချုပ်တီးလိုက်ရတော့၏။
"အင်းပါ ဒါဆိုလည်း ပြန်ကြတာပေါ့ "

VEILS OF MINZARIHikayelerin yaşadığı yer. Şimdi keşfedin